ယူနိုက်တက်နဲ့ သတင်းတွေထွက်ပေါ်နေချိန် အပြောင်းအရွှေ့ဆိုင်ရာအငြင်းအခုံတွေကို အဆုံးသတ်လိုက်တဲ့ ဖာမင်လိုပက်ဇ်
ဘာစီလိုနာကြယ်ပွင့်ဖာမင်လိုပက်ဇ်က ကလပ်အသင်းမှာ ကာလရှည်ဆက်ရှိနေဖို့ အဆင်သင့်ဖြစ်နေပုံ ရပါတယ်။
ဟန်စီဖလစ်ခ်ရဲ့အသင်းလူစာရင်းမှာ ပွဲထွက်ခွင့်နေရာအတွက် ပြိုင်ဆိုင်မှုတွေ အရမ်းပြင်းထန်နေသလို ရိုဒရီရောက်ရှိလာမှုကြောင့်လည်း ဒီအငြင်းပွားမှုတွေ ပိုမိုအားကောင်းလာခဲ့ပါတယ်။ ဒါကြောင့် ကတ္တလန်မြေမှာ ဖာမင်လိုပက်ဇ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထင်ကြေးပေးမှုတွေ မြင့်တက်လာခဲ့ပါတယ်။
စပိန်အသင်းကပ္ပတိန်နဲ့အတူ ပက်ဒရီ၊ ဒါနီအိုလ်မိုတို့ ဝန်းရံထားတဲ့ ကွင်းလယ်အင်ဂျင်ပိုင်းကို နူးကမ့်မှာ ဟန်စီဖလစ်ခ် သဘောအကျဆုံးဖြစ်နေပေမဲ့ အသက် ၂၃ နှစ်အရွယ် ဖာမင်လိုပက်ဇ်ကလည်း သူ့ရဲ့တန်ဖိုးကို ဆက်လက်ပြသနေပါတယ်။
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီးနောက် ရာသီကြိုကာလ အပြည့်အဝဖြတ်သန်းခဲ့တဲ့ ဖာမင်လိုပက်ဇ်က လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ခြောက်ဂိုးအထိ သွင်းယူထားပြီး အသင်းမှထွက်ခွာသွားဖို့ အကြောင်းအရင်းမရှိဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်လည်း ပါဝင်တယ်လို့ သတင်းထွက်ခဲ့ပေမဲ့ အခုတော့ အဲဒီလိုမဖြစ်လာနိုင်တော့ပါဘူး။
ဖာမင်လိုပက်ဇ်က "မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေလား? ဒီလိုသတင်းမျိုးတွေကို ကျွန်တော် စိတ်မဝင်စားပါဘူး။ ဘာစီလိုနာမှာ တတ်နိုင်သမျှ ကာလရှည် ဆက်ရှိနေချင်ပါတယ်။ ဒီကလပ်အသင်းမှာပဲ ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်ပြီး ဒီမှာပဲ ကစားသမားဘဝအနားယူသွားဖို့ မျှော်လင့်မိပါတယ်" လို့ ပြောပါတယ်။