The network connection is lost.

Banner Image

ဇန်နဝါရီမှာ ဂျူဗင်တပ်စ်ကြယ်ပွင့်ယီဒစ်ဇ်အတွက် ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ လီဗာပူး

ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင်မှာပဲ ဂျူဗင်တပ်စ်ကြယ်ပွင့်ယီဒစ်ဇ်က ပရီးမီးယားလိဂ်ဆီပြောင်းရွှေ့ဖို့ သတင်းမွှေးလာပါတယ်။ ယီဒစ်ဇ်က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနှောင်းပိုင်းမှာ ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံပွဲစဉ် ၁၀၀ ပြည့်မြောက်အောင် ကစားပေးခဲ့ပါတယ်။ သူက အခုရာသီ၊ အီတာလျံဘီလူးကြီးအတွက် ၂၁ ပွဲပါဝင်ကစားကာ ခြောက်ဂိုးသွင်း၊ ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်ထားပါတယ်။

The Guardian ရဲ့သတင်းဖော်ပြချက်အရ ဂျူဗင်တပ်စ်က ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းတွေနဲ့ နီးစပ်နေတဲ့ ယီဒစ်ဇ်ရဲ့အနာဂတ်ကို ထိန်းသိမ်းနိုင်ဖို့ ကစားသမားရဲ့ကိုယ်စားလှယ်(ယီဒစ်ဇ်ရဲ့ဖခင်)နဲ့ ဆွေးနွေးမှုတွေကို လာမယ့်ရက်ပိုင်းအတွင်း ပြုလုပ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

တောင်ပံကစားသမားက ဂျူဗင်တပ်စ်သမိုင်းတလျှောက် အသက်အငယ်ဆုံးနိုင်ငံခြားသားသွင်းဂိုးရှင် ဖြစ်သလို  အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းယူပေးနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားလည်း ဖြစ်ပါတယ်။ အသက်-၂၀ နှစ်အရွယ်ကစားသမားအတွက် ဈေးကွက်တန်ကြေးကို ပေါင် ၈၅ သန်းအထိ သတ်မှတ်ထားပြီး ဒါက စိတ်ဝင်စားနေတဲ့ကလပ်အသင်းတွေကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ပမာဏမျိုး မဟုတ်ဘူးလို့ သိရပါတယ်။

ယီဒစ်ဇ်က ကြားရက်၊ ပီဆာနဲ့ပွဲစဉ်မှာ ဂျူဗင်တပ်စ်အတွက် အနိုင်သေချာစေမယ့်နာကျင်အချိန်ပိုသွင်းဂိုးကို ရယူနိုင်ခဲ့လို့ သူ့အပေါ် ကလပ်အသင်းများစွာရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်စွမ်း ရှိလာနိုင်ပါတယ်။ ဂျူဗင်တပ်စ်က ယီဒစ်ဇ်ရဲ့နေရာအစားထိုးနိုင်ဖို့ လီဗာပူးကစားသမားချီယေဆာကို အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ပေါ်နေပြီး ဒါဟာ တူရကီလက်ရွေးစင်ရဲ့မာဆေးဆိုဒ်ခရီးစဉ်အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း လီဗာပူးက ဇန်နဝါရီမှာ ငွေကြေးသုံးစွဲဖို့အစား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခရစ္စတယ်ပဲလေ့စ်နောက်ခံလူဂူဟီကို ခေါ်ယူနိုင်ဖို့ နွေရာသီကာလအထိ စောင့်ဆိုင်းသွားမယ်လို့ Daily Mailရဲ့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။