လီဗာပူးမှာ နေရာပျောက်နေတဲ့ ချီယေဆာကို အပြောင်းအရွှေ့အတွက် ရာဇသံပေးလိုက်တဲ့ အီရာအိုလာ
လီဗာပူးနည်းပြအီရာအိုလာက တောင်ပံကစားသမားချီယေဆာကို အသင်းမှထွက်ခွာဖို့အတွက် ပြင်ဆင်ထားရန် ပြောကြားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အသက် ၂၈ နှစ်အရွယ်ကစားသမားက ရာသီကြိုကာလမှာ ရရှိခဲ့တဲ့ ကျောဒဏ်ရာကြောင့် အခုရာသီ၊ အီရာအိုလာလက်အောက်မှာ တစ်ပွဲတစ်လေတောင် ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။
ချီယေဆာက အန်ဖီးလ်မှာရှိနေတဲ့ကာလတလျှောက် ဒဏ်ရာပြဿနာတွေနဲ့သာ အမြဲတစေ လုံးပန်းခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ နွေရာသီ အသင်းဆီရောက်ရှိလာချိန်မှစလို့ ပွဲ ၅၀ သာ ပါဝင်ကစားပေးနိုင်ပါတယ်။
ဒါ့အပြင် စပိန်လူမျိုးနည်းပြရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်လူစာရင်းမှာလည်း မပါဝင်လာခဲ့လို့ သူ့ရဲ့အနာဂတ် မရေမရာ ဖြစ်လာခဲ့ပါတယ်။
Calcio Mercato ရဲ့ဖော်ပြချက်အရ အီရီယိုလာက ချီယေဆာကို လီဗာပူးအသင်းရဲ့ အစီအစဉ်တွေမှာ ပြန်လည်ပါဝင်လာနိုင်ရေးအတွက် ကြိုးစားမှုကို ပြသဖို့ သို့မဟုတ် အသင်းမှ ထွက်ခွာသွားဖို့ နောက်ဆုံးရာဇသံပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာလည်း ချီယေဆာက အီတလီဆီ ပြန်သွားတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ပဲ ဆက်ရှိနေခဲ့ပါတယ်။