The network connection is lost.

Banner Image

ဒဏ်ရာရရှိသွားတဲ့ မာမာဒါရှီဗီလီကို ဆေးရုံအမြန်ပို့လိုက်ရတယ်လို့ အန်းစလော့ အတည်ပြု

လီဗာပူးနည်းပြအန်းစလော့က တနင်္ဂနွေနေ့၊ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ ဒဏ်ရာရရှိသွားတဲ့ ဂိုးသမားမာမာဒါရှီဗီလီကို ဆေးရုံတင်လိုက်ရတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ဂိုးသမားက အဲဗာတန်အသင်းချေပဂိုးသွင်းယူသွားတဲ့ အနေအထားမှာ ဒဏ်ရာရရှိသွားခဲ့ပြီး ပွဲချိန်တစ်နာရီမပြည့်ခင် ထမ်းစင်ဖြင့် လူစားလဲထွက်ခွာခဲ့ရပါတယ်။

လီဗာပူးအသင်းရဲ့ပွဲထွက်ဂိုးသမားအလီဆင်လည်း ဒဏ်ရာကြောင့် အနားယူနေရပြီး မေလအထိ ပြန်ကစားနိုင်ဖို့မရှိလို့ အခုအချိန်မှာတော့ နည်းပြအန်းစလော့အတွက် ကစားသမားရွေးချယ်မှုဆိုင်ရာအခက်အခဲကြီးနဲ့ ရင်ဆိုင်နေရပါတယ်။

ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် နည်းပြအန်းစလော့က မာမာဒါရှီဗီလီကို ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့ စိုးရိမ်စရာသတင်းစကားကို အတည်ပြု ပြောကြားလာခဲ့ပါတယ်။

"သူ့ကို ဆေးရုံပို့လိုက်ရပါပြီ။ ကျွန်တော်မြင်ရသလောက်ရော၊ ဆေးအဖွဲ့က ပြောပြချက်အရပါ ဒါဟာ အရေပြားပေါက်ပြဲသွားတဲ့ဒဏ်ရာ (open wound) မျိုးပါ။ ဒါဟာ ရေရှည်ဒဏ်ရာမျိုးတော့ မဟုတ်ပါဘူး၊ လာမယ့်သီတင်းပတ်မှာ သူ ပြန်ကစားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။