The network connection is lost.

Banner Image

အမ်ဘာပေရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အသိပေးပြောကြားလာတဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတဲ့ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေရဲ့ အခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။

ပြင်သစ်စူပါစတားဟာ ဒဏ်ရာပြဿနာကြောင့် ပြင်သစ်အသင်းမှနုတ်ထွက်ခဲ့ရပြီး အဇာဘိုင်ဂျန်၊ အိုက်စလန်တို့နဲ့ပွဲစဉ်တွေကိုလည်း လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ ပြင်သစ်အသင်းသို့မရောက်မီ ရီးရဲလ်မက်ဒရစ်အတွက်ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာကတည်းက ခြေကျင်းဝတ်ဒဏ်ရာရရှိထားခဲ့တာဖြစ်ပြီး အဇာဘိုင်ဂျန်နဲ့ပွဲမှာတော့ ဒဏ်ရာပိုမိုပြင်းထန်လာတာကြောင့် မက်ဒရစ်သို့ပြန်လာခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်အသင်းဘက်ကလည်း အမ်ဘာပေရဲ့ဒဏ်ရာအခြေအနေကို ထုတ်ပြန်ထားခဲ့ပြီး ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ဖို့အတွက် ရီးရဲလ်မက်ဒရစ်သို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း အသိပေးခဲ့ပါတယ်။ ယခုအခါမှာ ကစားသမားဟာ တနင်္ဂနွေနေ့ ဂီတာဖေးနဲ့ယှဉ်ပြိုင်သွားရမယ့်လာလီဂါပွဲစဉ်ကို လွဲချော်သွားမယ်လို့ယူဆထားပေမယ့် အလွန်ဆိုကတော့ အဆိုပါပွဲစဉ်မှာ ဝင်ရောက်ကစားနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။

စပိန်သားနည်းပြက "အမ်ဘာပေက ပြန်ကစားနိုင်တော့မှာပါ။ လာမယ့် ဂီတာဖေးနဲ့ပွဲစဉ်မှာလည်း ပြန်ကစားနိုင်ချေရှိပါတယ်" လို့ပြောကြားခဲ့တာဖြစ်ပပါတယ်။ အခုလို အမ်ဘာရေရဲ့အပြုသဘောဆောင်တဲ့ သတင်းဟာ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာဖြစ်လာခဲ့ပြီး လာမယ့်အပတ် ဘာစီလိုနာနဲ့ယှဉ်ပြိုင်သွားရမယ့် အယ်လ်ကလက်စီကိုပွဲစဉ်အတွက်လည်း အားတက်စရာဖြစ်လာခဲ့ပါတယ်။

ဘာပေဟာ လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းအတော်လေးတိုးတက်နေပြီး ‌ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်တို့အတွက်ကစားခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲဆက်တိုက် ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ လာမယ့် ဂီတာဖေးနဲ့ပွဲစဉ်မှာတော့ အမ်ဘာပေတစ်ယောက် ရီးရဲလ်အတွက်ပါဝင်ကစားပြီး သွင်းဂိုးတွေဆက်လက်ရယူသွားမလား စောင့်ကြည့်ရပါမယ်။