The network connection is lost.

Banner Image

ဘယ်နောက်ခံလူ ဘယ်လ်ဒီကိုရောင်းချဖို့ ဆန္ဒရှိနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဒီနွေရာသီမှာ အလက်ဟန်ဒရို ဘယ်လ်ဒီကို ရောင်းထုတ်ဖို့ အသင့်ဖြစ်နေပါပြီ။ လာလီဂါရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ချနိုင်ဖို့အတွက် ကစားသမားတွေကို ရောင်းထုတ်ဖို့ လိုအပ်နေတာကြောင့် ဘာစီလိုနာအသင်းဟာ ဒီဘယ်နောက်ခံလူကို မရောင်းမဖြစ် ကစားသမားစာရင်းထဲမှာ ထည့်မထားတော့ပါဘူး။ Radio Marca ရဲ့ ဖော်ပြချက်အရ အသင်းရဲ့ အားကစားဒါရိုက်တာ ဒီကိုက ဘယ်လ်ဒီကို ရောင်းပြီး အကျိုးအမြတ်ရယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်လ်ဒီဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၄ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။ နည်းပြ ဟန်ဆီဖလစ်အတွက်တော့ သူက ပထမဦးစားပေး ရွေးချယ်စရာ ကစားသမားတစ်ဦး ဖြစ်နေပေမဲ့ ဒီကိုနဲ့ အသင်းစီမံခန့်ခွဲမှုပိုင်းကတော့ ဘယ်လ်ဒီကို ရောင်းထုတ်လို့ရတဲ့ ဒါမှမဟုတ် မရှိလည်းဖြစ်တဲ့ ကစားသမားတစ်ဦးအဖြစ်ပဲ သတ်မှတ်ထားတယ်လို့သိရပါတယ်။