The network connection is lost.

Banner Image

အန်းစလော့ရဲ့နေရာမှာ သူ့ကိုအစားထိုးချင်ရင် ဂူလာကိုခေါ်ယူပေးဖို့ လီဗာပူးဆီ အလွန်ဆိုတောင်းဆို

ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ အန်းစလော့ရဲ့နေရာမှာ အစားထိုးဖို့အတွက် သူ့ကိုခန့်အပ်ချင်တယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ရဲ့ကြယ်ပွင့်အာဒါဂူလာကို အရင်ဆုံးခေါ်ယူပေးဖို့ အလွန်ဆိုက လီဗာပူးအသင်းဆီ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၄ နှစ်အရွယ်ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းက အသင်းရဲ့နာမည်ကျော်ကစားသမားတွေနဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရာထူးသက်တမ်းခြောက်လအကြာမှာပဲ တာဝန်မှရပ်နားခြင်း ခံခဲ့ရပါတယ်။

ဒါ့အပြင် တဖက်မှာလည်း ပြီးခဲ့တဲ့ရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ခြေစွမ်းမျိုးပြန်ရဖို့ အန်းစလော့ရုန်းကန်နေရလို့ ကွင်းလယ်လူဟောင်းအလွန်ဆိုက လီဗာပူးနည်းပြသစ်ဖြစ်လာမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့ပါတယ်။

Fichajes သတင်းဌာနရဲ့အဆိုအရ အလွန်ဆိုကို အန်ဖီးလ်ဆီပြန်ခေါ်ဖို့ လီဗာပူးတို့ အလေးအနက်ထားစဉ်းစားမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ဖန်တီးရှင်ဂူလာကိုပါ အင်္ဂလန်မြေဆီခေါ်ယူပေးဖို့ စပိန်သားနည်းပြက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဂူလာက အခုရာသီ၊ ရီးရဲလ်မက်ဒရစ်ရဲ့အဓိကကစားသမားတစ်ဦး ဖြစ်နေပြီး လာလီဂါ ၂၅ ပွဲမှာ သုံးဂိုးသွင်းယူကာ ဂိုးဖန်တီးမှုခုနစ်ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပါတယ်။