The network connection is lost.

Banner Image

အမ်ဘာပေ လီဗာပူးကို မပြောင်းခဲ့တာ အံ့ဩမိတယ်လို့ အီဗရာ ဆို

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ်အီဗရာက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခီလီယန်အမ်ဘာပေနဲ့ လီဗာပူးအသင်းတို့ ကြားက သတင်းတွေအပေါ် သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ခီလီယန်အမ်ဘာပေဟာ PSG အသင်းကနေ မပြောင်းရွှေ့ခင်တုန်းက ချန်ပီယံလိဂ်ဖလားအတွက် အမြဲတမ်း စိန်ခေါ်နိုင်စွမ်းရှိတဲ့ နည်းပြဟောင်း ယာဂန်ကလော့ပ်ရဲ့ လီဗာပူးအသင်းဆီကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်းမှာတောင် ပြင်သစ်အသင်းခေါင်းဆောင်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး လီဗာပူးဟာ သူသွားချင်တဲ့ အသင်းဖြစ်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဒါပေမဲ့ တကယ်တမ်းမှာတော့ ဘယ်လိုအပြောင်းအရွှေ့မျိုးမှ ဖြစ်မလာခဲ့ပါဘူး။ ပက်ထရစ်အီဗရာက Stake နဲ့ အင်တာဗျူးမှာ လီဗာပူးနဲ့ ခီလီယန်အမ်ဘာပေတို့ဟာ အံဝင်ခွင်ကျ ဖြစ်နိုင်တာကြောင့် အခုလို မပြောင်းဖြစ်ခဲ့တာကို အံ့ဩမိတယ်လို့ ဆိုပါတယ်။

"ခီလီယန်အမ်ဘာပေ လီဗာပူးကို မပြောင်းခဲ့တာ ကျွန်တော် အံ့ဩမိပါတယ်။ သူသာ ပြောင်းခဲ့ရင် အသင်းနဲ့ တကယ့်ကို အံဝင်ခွင်ကျ ဖြစ်မယ့်သူပါ။ ဒါပေမဲ့ ကစားသမား အများစုလိုပဲ သူ့ရဲ့ အိမ်မက်က ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ ဖြစ်နေခဲ့ပါတယ်။"

"ရီးရဲလ်မက်ဒရစ်လို အသင်းက ခေါ်ပြီဆိုရင်တော့ ဘယ်သူမှ ငြင်းမှာမဟုတ်ပါဘူး။ တကယ်လို့ သူသာ နောက်ပိုင်းမှာ ပရီးမီးယားလိဂ်ကို ရောက်လာခဲ့ရင် အရမ်းကောင်းမှာပါ။ သူ့မှာ လုံလောက်တဲ့ ကြံ့ခိုင်မှုနဲ့ အရှိန်အဟုန် ရှိပါတယ်။ ဒါပေမဲ့ ရီးရဲလ်ကို ရောက်သွားပြီးတဲ့နောက် အဲဒီကနေ ပြန်ထွက်ဖို့ ပြောဖို့ကတော့ ခက်ပါလိမ့်မယ်" လို့ ၎င်းက ပြောပါတယ်။

ဆာလာဟာ အခုထက်ပိုပြီး အသိအမှတ်ပြုခံရသင့်ပါတယ်
လီဗာပူးတောင်ပံကစားသမား မိုဟာမက်ဆာလာဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါဟာ နည်းပြသစ် အာနယ်ဆလော့အတွက် အသင်းလူစာရင်းနဲ့ လစာပေးချေမှုအပိုင်းမှာ နေရာလွတ်တွေ ရလာစေမှာပါ။

ပက်ထရစ်အီဗရာက အခုရာသီမှာ ခြေစွမ်းပိုင်း အားနည်းချက်အချို့ ရှိနေပေမဲ့ ဆာလာဟာ အသင်းအတွက် စွမ်းဆောင်ပေးခဲ့မှုတွေအပေါ် အခုထက်ပိုပြီး အသိအမှတ်ပြုခံရသင့်တယ်လို့ ယူဆနေပါတယ်။

"မိုဟာမက်ဆာလာဟာ ရာသီတော်တော်များများမှာ ထိပ်တန်းအဆင့်မှာ ရှိနေခဲ့သူပါ။ ရာသီတစ်ခုလောက် ခြေစွမ်းမပြနိုင်တာနဲ့ အရန်ခုံ ပို့ခံရပြီး မီဒီယာတွေမှာ ဝေဖန်စရာတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ သူဟာ အသင်းမှာ ရှိနေတုန်းပါပဲ။"

"လီဗာပူးအသင်း အဆင့် (၄) အတွင်းဝင်ဖို့ သူ့ရဲ့ အကူအညီက လိုအပ်နေပါသေးတယ်။ ဒီလို အခက်အခဲမျိုးက ကစားသမားကြီးတိုင်း ကြုံရတတ်ပါတယ်။ ဆာလာဟာ အခုထက် ပိုပြီး အသိအမှတ်ပြုခံရသင့်ပါတယ်။ ဘောလုံးလောကမှာ လူတွေက အောင်မြင်မှုတွေကို မေ့လွယ်ကြပါတယ်။ တစ်ခါတလေမှာ အကောင်းဆုံး ကစားသမားတွေတောင်မှ ရာသီတစ်ခုလောက် ခြေစွမ်းကျဆင်းတာမျိုး ရှိတတ်ပါတယ်" လို့ ပက်ထရစ်အီဗရာက ပြောကြားသွားခဲ့ပါတယ်။