The network connection is lost.

Banner Image

အေတီကိုနဲ့ပွဲစဉ်မှာ ပွဲထွက်လာတဲ့ အီဆက်ခ်ရဲ့ကြံ့ခိုင်မှု ပိုင်းအပေါ် အန်းစလော့ အံ့သြမှင်သက်ခဲ့

လီဗာပူးနည်းပြအန်းစလော့က အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာ ပွဲဦးထွက်အဖြစ်ပါဝင်ကစားတဲ့ တိုက်စစ်မှူးအီဆက်ခ်ရဲ့ကြံ့ခိုင်မှု ပိုင်းကို အံ့အားသင့်မိတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ဆွီဒင်လက်ရွေးစင်ကစားသမားက အသင်းဖော်ဟူဂိုအီကီတီကီနဲ့ လူစားလဲလှယ်မှုမတိုင်ခင် လီဗာပူးရဲ့ ၃-၂ ဂိုးနိုင်ပွဲမှာ ပွဲချိန် ၅၈ မိနစ်အထိ ပါဝင်ကစားခဲ့ပါတယ်။ အီဆက်ခ်က နယူးကာဆယ်မှထွက်ခွာကာ ပရီးမီးယားလိဂ်ချန်ပီယံတွေဆီ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပြီး ရာသီကြိုကာလနှောင့်နှေးမှုကြောင့် ရာနှုန်းပြည့်ကြံ့ခိုင်မှုရရှိဖို့ ကြိုးပမ်းနေရပါတယ်။

TNT Sports နဲ့တွေ့ဆုံချိန် အန်းစလော့က “ ပွဲချိန်မိနစ် ၆၀ လောက်အထိ သူရဲ့ကစားပုံက  ကျွန်တော့်အတွက် အတော်လေးအံဝင်ခွင်ကျဖြစ်တယ်လို့ ယူဆမိပါတယ်။ နောက်ထပ် ၁၀ မိနစ်လောက် ကစားမယ်ဆိုရင်လည်း သူ အရမ်းမောပန်းသွားမယ်လို့ မထင်ပါဘူး။ သူက အသင်းနဲ့ တစ်ကြိမ်၊နှစ်ကြိမ်လောက်ပဲ လေ့ကျင့်ပြီး အခုလိုအဆင့်အတန်းမျိုးမှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။

ဒါက ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးဘောလုံးကစားနိုင်စွမ်းရှိသူကို မြင်တွေ့ရတာ ကြည်နူးစရာပါ။ ဒီအတွက် ကျွန်တော် မအံ့သြမိပါဘူး။ သူက ကျွန်တော်မျှော်လင့်ထားတာထက် ပိုမိုအံဝင်ခဲ့ပေမဲ့ ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေ အရမ်းမမြင့်မားသင့်ပါဘူး။ သီတင်းတစ်ပတ်မှာ သုံးပွဲနှုန်းကစားရလို့ ဒီပမာဏက အီဆက်ခ်အတွက်တော့ အရမ်းများလွန်းပါတယ်။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ No.9 Role တိုက်စစ်မှူးနှစ်ဦးရှိပြီး ဒီကလပ်အသင်းမှာ သူတို့ရှိနေမယ့် ကာလတလျှောက်လုံး သူတို့နှစ်ဦးလုံးကို အသုံးပြုသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

လီဗာပူးက ပွဲအစ ၆ မိနစ်အတွင်းမှာပဲ ရောဘတ်ဆန်၊ မိုဆာလက်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်ဦးဆောင်ခဲ့ပေမယ့် အက်သလက်တီကိုမက်ဒရစ်နောက်ခံလူလော်ရန်တေရဲ့ချေပဂိုးနှစ်ဂိုးကို ပြန်လည်ခွင့်ပြုပေးခဲ့ရကာ အခက်ကြုံသွားခဲ့ပါတယ်။ဒါပေမဲ့ ဒုတိယပိုင်းနာကျင်အချိန်ပိုမှာ ဆိုဘိုဆလိုင်းရဲ့ထောင့်ကန်ဘောပေးပို့မှု ကို ဗန်ဒိုက် အကောင်းဆုံးခေါင်းတိုက်အဆုံးသတ်ပြီး အဖိုးတန်အိမ်ကွင်းနိုင်ပွဲကို ရယူသွားခဲ့ပါတယ်။

အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ အန်းစလော့က “ မယုံကြည်နိုင်လောက်အောင် စိတ်ဓါတ်ပိုင်းအားကောင်းတဲ့ အက်သလက်တီကိုမက်ဒရစ်လိုအသင်းကို အနိုင်ယူချင်တယ်ဆိုရင် သူတို့ရဲ့လက်နက်ဖြစ်တဲ့ စိတ်ဓါတ်ပိုင်းနဲ့ပဲ ပြန်အနိုင်ယူရပါမယ်။ စိတ်ဓါတ်ပိုင်းအရ သူတို့ကို ကျွန်တော်တို့ အနိုင်ယူနိုင်တယ်ဆိုတာ ဒီနေ့မှာ နောက်တစ်ကြိမ်ဖော်ပြခဲ့တဲ့ အရာတစ်ခုဖြစ်ပါတယ်။

ပထမပိုင်းအစမှာတင် ၂-၀ ဂိုးနဲ့ တတိယဂိုးရရှိဖို့လည်း အခွင့်အလမ်းတွေရှိခဲ့လို့ ကျွန်တော်တို့အတွက် ပိုမိုလွယ်ကူသွားသင့်တယ်လို့ ထင်ပါတယ်။ ဒုတိယပိုင်း ၂-၁ ဂိုး ဖြစ်သွားချိန်မှာလည်း ကျွန်တော်တို့ရဲ့ကန်ချက် ဂိုးတိုင်ထိသလို ဂိုးပေါက်နဲ့အနည်းငယ်လေး လွဲချော်သွားတာမျိုးလည်း ရှိခဲ့ပါတယ်။ ပွဲမပြီးဆုံးခင် တစ်ဂိုးအသာစီးရရှိထားတယ်ဆိုတာ အမြဲတမ်းဘာမဆိုဖြစ်သွားနိုင်သလို ဖြစ်လည်းဖြစ်ခဲ့ဖူးပါတယ်။

နည်းနည်းလေးဝေ့ဝိုက်သွားသလားဆိုတာ ကျွန်တော်မသိပေမယ့် ဘောလုံးက ဂိုးဝင်သွားလို့ နှစ်ဂိုးစီသရေ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ပွဲကစားဖို့ ၁၀ မိနစ်ကျော်ကျန်နေသေးလို့ ကျွန်တော်တို့တွေ ဆက်တွန်းအားပေးကာ အလွတ်တည်ကန်ဘောဂိုး သွင်းယူနိုင်ခဲ့လို့ ကျွန်တော်တို့အသင်းရဲ့စိတ်ဓါတ်ပိုင်းကို နောက်တစ်ကြိမ် သက်သေပြနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။