The network connection is lost.

Banner Image

အနိုင်ရရလဒ်ကြောင့် ဆာဂျင်ရက်ဖ်ကလစ်နှင့် စကားပြောရာမှာ အဆင်ပြေခဲ့ပါတယ်လို့ ပြောကြားလိုက်တဲ့ အာမိုရင်

ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တာကြောင့် ပွဲအပြီး ရက်ဖ်ကလစ်နှင့် စကားပြောရာတွင် အဆင်ပြေခဲ့ပါတယ်လို့ ယူနိုက်တက်နည်းပြ အာမိုရင်က ဝန်ခံလိုက်ပါတယ်။
အောက်တိုဘာလတွင် တန်ဟက် ထွက်ခွာသွားပြီးနောက် အဆိုပါနေရာကို ဆက်ခံခဲ့တဲ့ အမ်မိုရင်ရဲ့လက်အောက်မှာ ယူနိုက်တက်က ခက်ခဲပြီး ခြေစွမ်းမတည်ငြိမ်တဲ့ စွမ်းဆောင်ရည်မျိုးရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ရလဒ်တွေက ထင်ရှားပေမယ့် ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ ခက်ခဲနေတဲ့ သရဲနီတွေက မန်စီးတီး၊ အာဆင်နယ်ကို အနိုင်ရပြီး ပြီးခဲ့တဲ့လက လီဗာပူးနဲ့ သရေကျခဲ့တာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဘောလုံးလောကရဲ့ ရက်စက်ကြမ်းကြုတ်မှုကရှိနေပြီး INEOS နှင့် တွဲဖက်ပိုင်ရှင် ဆာရက်ဖ်ကလစ်တို့ဟာ ယူနိုက်တက်ရှိ အာမိုရင်ရဲ့ တိုးတက်မှုအတွက် သဘောမကျဖြစ်နေကြောင်း ကောလာဟလများထွက်နေတာကြောင့် နည်းပြရဲ့အလုပ်က လုံခြုံမှုမရှိဟု ဆိုလိုခြင်းဖြစ်ပါတယ်။

ယူဂါတီကြောင့် ဂိုးပေးလိုက်ရပြီး အာမက်ဒီယာလိုရဲ့ ဟက်ထရစ်သွင်းဂိုးကြောင့် ဆောက်သမ်တန်အား အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ရက်ဖ်ကလစ်နှင့် စကားပြောဖို့ အခွင့်အရေးရှိခဲ့တယ်လို့ စပို့တင်းနည်းပြဟောင်းက ဝန်ခံခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့အတွက်လည်း ပူးတွဲပိုင်ရှင်နဲ့ စကားပြောရာမှာ အဆင်ပြေခဲ့ပါတယ်လို့ အမ်မိုရင်က ပြောလိုက်ပါတယ်။

မီဒီယာများသို့ အာမိုရင်က "ကျွန်တော် ရက်ဖ်ကလစ်နဲ့ ၅ မိနစ်လောက် စကားပြောခဲ့ရပါတယ်။ ပွဲကောင်းတစ်ခုမဟုတ်ပေမယ့် ရလဒ်က စကားပြောဆိုမှုကို အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုဆက်လုပ်နေပါတယ်"
"ဒီနေ့ နိုင်ပွဲရဖို့က ပိုအရေးကြီးတယ်။ ပရိသတ်တွေက ပိုကောင်းတဲ့ ဘောလုံးပွဲတွေကို ကြည့်ချင်နေတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပွဲတွေကို အနိုင်ယူဖို့ လိုအပ်တယ်။ အနိုင်ရအောင် လုပ်နိုင်ခဲ့ပြီး နောက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်နေပါတယ်" လို့ ပြောပါတယ်။

ကောလာဟလများရှိနေသော်လည်း၊ INEOS ဟာ ပေါ်တူဂီနိုင်ငံသားနည်းပြအတွက် စိုးရိမ်နေဖွယ်မရှိကြောင်းနှင့် ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် အမ်မိုရင်ကို ဆက်လက်ထားရှိဖို့ ဆွေးနွေးရန်အတွက် ရာသီကုန်အထိ ပြန်လည်သုံးသပ်မှုမပြုလုပ်မီ သူ့ကို ကျောထောက်နောက်ခံ ပေးထားဖွယ်ရှိနေပါတယ်။