The network connection is lost.

Banner Image

ဘိုင်ယန်အသင်းရဲ့စည်းမျည်းကို လိုက်နာရဖွယ်ရှိနေတဲ့ အိုလီဆီ

ဘိုင်ယန်မြူးနစ်ဟာ ပဲလေ့စ်စတား အိုလစ်ဆီကို ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကို ကျော်ဖြတ်ပြီး ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်သားအနေနဲ့ ဂျာမန်မြေကို ပြောင်းရွှေ့ပြီးနောက် ဘိုင်ယန်အသင်းက ချမှတ်ထားတဲ့ အော်ဒီတံဆိပ်ကားတွေကို စီးရမယ်ဆိုတဲ့စည်းမျည်းကို လိုက်နာရဖွယ်ရှိနေပါတယ်။

အသက် ၂၂ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာ အခြေအနေကြောင့် ရုန်းကန်ခဲ့ရပေမယ့် ၁၀ ဂိုးသွင်း ၊ ၆ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ အဆိုပါခြေစွမ်းတွေကြောင့် အသင်းတော်တော်များများက ချိတ်ဆက်ခဲ့ပေမယ့်လည်း ပဲလေ့စ်မှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

ပြင်သစ်သားဟာ ပဲလေ့စ်အတွက် ကစားသမားဘ၀ ပွဲပေါင်း ၉၀ မှာ ၁၆ ဂိုးသွင်း နဲ့ ၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ဘွန်ဒက်စ်လီဂါမြေမှာလည်း ဆက်လက်ခြေစွမ်းပြနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း အခြားတစ်ဖက်မှာတော့ အိုလစ်ဆီအနေနဲ့ ဘိုင်ယန်ကချမှတ်ထားတဲ့စည်းမျည်းကို လိုက်နာရဖွယ်ရှိနေပါတယ်။

ဘိုင်ယန်မှာ ပရီးမီးယားလိဂ်စတားဟောင်း ၂ ဦးဖြစ်တဲ့ ကိန်းနဲ့ ဒိုင်ယာတို့ ရှိနေတာကြောင့် အိုလီဆီအနေနဲ့ အလျင်အမြန်အထိုင်ကျဖွယ်ရှိနေပါတယ်။ ဘိုင်ယန်ကို အော်ဒီကားထုတ်လုပ်ရေးက စပွန်ဆာပေးထားတာဖြစ်ပြီး အသင်းကစားသမားတော်တော်များများ ၈၃% က အော်ဒီကားကို မဖြစ်မနေစီးနင်းရတာဖြစ်ပါတယ်။

ယခင်တုန်းက ကစားသမားတွေနဲ့ ဝန်ထမ်းတွေအနေနဲ့ ဘန်တလေ ၊ ဘူဂါတစ် ၊ ပေါလ်ရှေးစတဲ့ကားတွေကို စီးနင်းခွင့်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ အော်ဒီကားရဲ့စပွန်ဆာကြောင့် မဖြစ်မနေစီးနင်းရတာဖြစ်သလို ကားမစီးခဲ့တဲ့ ဆူလီ ၊ ဘိုတန် ၊ ကော်တင်ဟို နဲ့ ကိုးလ်မန်းတို့ကတော့ ပေါင် ၄၃၅၀၀ စီဒဏ်ရိုက်ခံခဲ့ရပါတယ်။