The network connection is lost.

Banner Image

ဘယ်လ်ဂျီယံ ယူ ၂၁ ဂိုးသမားလမ်မန်းစ်ကို ခေါ်ယူဖို့ မျက်စိကျနေတဲ့ ယူနိုက်တက်

အာမိုရင်ဟာ သူ့ရဲ့ရွေးချယ်မှုများကို အကဲဖြတ်နေစဉ် ဘယ်လ်ဂျီယံ ယူ ၂၁ ဂိုးသမား လမ်မန်းစ် ကို ယူနိုက်တက်က စောင့်ကြည့်နေပါတယ်။ ယူနိုက်တက်အသင်းဟာ အိုနာနာကို အစားထိုးနိုင်မယ့် အလားအလာရှိတဲ့ ဘယ်လ်ဂျီယံ ယူ-၂၁ ဂိုးသမား လမ်မန်းစ် ကို စောင့်ကြည့်နေပါတယ်။ 

The Telegraph ရဲ့ဖော်ပြချက်အရ ဂိုးသမားသစ်တစ်ဦးကို ခေါ်ယူခြင်းဟာ ဇန်နဝါရီလတွင် အာမိုရင်ရဲ့ ဦးစားပေးမဟုတ်သော်လည်း ရွိုင်ရယ်အန့်ဝပ် ဂိုးသမားကို ကြည့်ရှုဖူးသူတွေကတော့ ၎င်းရဲ့စွမ်းဆောင်ရည်များကို သဘောကျခဲ့ကြပါတယ်။ လမ်မန်းစ်ကို စိတ်ဝင်စားနေတာက ယူနိုက်တက် တစ်သင်းတည်းမဟုတ်ဘဲ အခြားဥရောပအသင်းကြီးတွေကလည်း အသက် ၂၂ နှစ်သားရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။

ယူနိုက်တက်နည်းပြ အာမိုရင်က ဂိုးသမားဌာနအပါအဝင် အသင်းရှိနေရာတိုင်းတွင် ၎င်း၏အကောင်းဆုံးရွေးချယ်မှုများကို အကဲဖြတ်ရန် အချိန်များစွာအသုံးပြုနေပါတယ်။ အိုနာနာကို တန်ဟက်ရဲ့ စနစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ခေါ်ယူခဲ့ပေမယ့် နည်းပြသစ် လက်ထက်မှာ နောက်တန်းကနေ အထွက်ကစားတဲ့အခါ ချဉ်းကပ်မှုတွေ အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဘောက်ဆင်ဒေးတွင် ထောင့်ကန်ဘောမှ တိုက်ရိုက် သွင်းယူခဲ့တဲ့ ဝုဗ်ရဲ့ သွင်းဂိုးအတွက် အိုနာနာက အမှားကျူးလွန်ခဲ့တာဖြစ်ပါတယ်။

လမ်မန်းစ်ဟာ ယခုရာသီတွင် ဘယ်လ်ဂျီယံ ပရိုလိဂ်ပွဲ ၂၀ တွင် ၂၁ ဂိုးသာ ပေးခဲ့ရပါတယ်။ ရွိုရယ်အန့်ဝပ်ဟာ အမှတ်ပေးဇယားတွင် စတုတ္ထနေရာမှာ ရပ်တည်နေပြီး လူငယ်ဂိုးသမားဟာ Clean Sheet ၅ ကြိမ်ကိုလည်း ရရှိခဲ့ပါတယ်။

ဇန်နဝါရီမှာ သူ့ကိုခေါ်ယူဖို့က အာမခံချက်မရှိနေသော်လည်း အထူးသဖြင့် ဆောင်းရာသီမှာ အမ်မိုရင်အတွက် ငွေကြေးအသုံးပြုဖို့က အကန့်အသတ်ရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်နှင့် ချန်ပီယံရှစ်က လိဒ်စ်တို့ကလည်း ဂိုးသမားရဲ့အခြေအနေကို စောင့်ကြည့်နေကြပါတယ်။