The network connection is lost.

Banner Image

ဒီလပ်ကိုခေါ်ယူနိုင်ဖို့ အလွန်နီးစပ်လာတဲ့ ချဲလ်ဆီး

ပူပူနွေးနွေး ကွန်းဖရန့်လိဂ်ချန်ပီယံ ချဲလ်ဆီးဟာ နောက်ရာသီအတွက် အသင်းရဲ့တိုက်စစ်ပိုင်းကို အဓိက အင်အားမြှင့်တင်ဖို့ပြင်ဆင်နေပြီး ယခုအခါမှာတော့ အစ်ဆွစ်ချ်တိုက်စစ်မှူး လီယမ်ဒီလပ်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်လာတယ်လို့သိရပါတယ်။ ချဲလ်ဆီးအနေနဲ့ အသင်းရဲ့အဓိကတိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ကို ဖိအားပေးနိုင်ဖို့အတွက် တိုက်စစ်မှူးသစ်ရှာဖွေနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ လအတွင်း ဗစ်တာဂျိုကာရက်စ်၊ ဘင်ဂျင်မင်ဆက်စ်ကို၊ ဟူဂိုအက်ကီတီကီနဲ့ ဒီလပ်တို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အစ်ဆွစ်ချ်က ပရီးမီးယားလိဂ်မှာ ရုန်းကန်ခဲ့ရပြီး ချန်ပီယံရှစ်သို့ပြန်လည်တန်းဆင်းသွားခဲ့ပေမယ့် ဒီလပ်ကတော့ သွင်းဂိုးတွေနဲ့အတူ ဥရောပထိပ်သီးကလပ်တွေအကြား ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ကလည်း ဒီလပ်ကို စောင့်ကြည့်မှုတွေပြုလုပ်နေကြပေမယ့် ချဲလ်ဆီးက ခေါ်ယူဖို့ အနီးစပ်ဆုံးဖြစ်နေတယ်လို့သတင်းတွေကဆိုပါတယ်။ 

The Athletic သတင်းဌာနရဲ့အဆိုအရ ဒီလပ်ဟာ ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေသလို၊ ချဲလ်ဆီးကလည်း မန်စီးတီးလူငယ်ကစားသမားဟောင်းကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာပဲ အပြီးသတ်ခေါ်ယူလိုနေတယ်လို့သိရပါတယ်။ ယခု နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဒီလပ်ဟာ ယူနိုက်တက်သို့ပြောင်းရွှေ့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားခဲ့ပေမယ့် အပြောင်းအရွှေ့ပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ ချဲလ်ဆီးက တဖြည်းဖြည်းနဲ့ ပိုမိုအသာရလာခဲ့တာဖြစ်ပါတယ်။ 

ယခုအပြောင်းအရွှေ့အတွက် ချဲလ်ဆီးဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေရရှိဖို့ အရေးကြီးဆုံးဖြစ်နေပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အရခေါ်ယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။