The network connection is lost.

Banner Image

နွေရာသီမှာ လီဗာပူးစတားတစ်ဦးကို ခေါ်ယူဖို့ လုပ်ဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်

သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နွေရာသီ အယ်လ်ဖွန်ဆိုဒေးဗီးစ်နေရာမှာ လီဗာပူးစတား ရော်ဘတ်ဆန်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
 
ရော်ဘတ်ဆန်ဟာ ကလော့ပ်လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာဖြစ်ပြီး ၂၀၁၇ ဟူးလ်စီးတီးကနေ ပြောင်းလာပြီးနောက် လီဗာပူးနဲ့အတူ ဆုဖလား ၈ လုံးအထိ ရယူထားနိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ရဲ့သွင်းဂိုးနဲ့အတူ ကာရာဘောင်ဖလား ဖိုင်နယ်မှာ ချဲလ်ဆီးကို အနိုင်ယူပြီး ဆုဖလားရယူနိုင်ခဲ့သလို ကလော့ပ်ထွက်ခွာမှုနဲ့ အတူ ရောဘတ်ဆန်လည်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။
 
ကလော့ပ်ထွက်ခွာမှုဟာ လီဗာပူးအသင်းစတားတော်တော်များများကလည်း ထွက်ခွာဖွယ်ရှိနေပြီး ရော်ဘတ်ဆန်က လီဗာပူးကနေ ထွက်ခွာဖို့ ချိတ်ဆက်နေတဲ့ နောက်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ သတင်းတွေအရ ရောဘတ်ဆန်ဟာ ဘိုင်ယန်အသင်းရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြီး အသက် ၂၉ နှစ်သားက စိန်ခေါ်မှုအသစ်တွေ လိုချင်နေတယ်လို့ ယုံကြည်နေပါတယ်။
 
ယခင်သတင်းတွေအရ ဒေးဗီးစ်ဟာ ရီးရဲလ်ကို ပြောင်းဖို့ ကနဦးနှုတ်အားဖြင့်သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ သိရပြီး ဘိုင်ယန်က ကနေဒါသားနေရာမှာ စကော့တလန်သားကို အစားထိုးဖွယ်ရှိနေပါတယ်။ ဒါပေမယ့် လီဗာပူးနဲ့ ရော်ဘတ်ဆန်တို့ကြားစာချုပ်သက်တမ်းက ၂ နှစ်ခွဲကျန်နေသေးတာကြောင့် ဘိုင်ယန်အတွက် ခက်ခဲဖွယ်ရှိနေပါတယ်။
 
လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့တုန်းက ချဲလ်ဆီးကို အကယ်ဒမီထွက်လူငယ်ကစားသမား ၅ ဦးနဲ့ အနိုင်ယူပြီး ဆုဖလားကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖိုင်နယ်ပွဲအပြီးမှာ ရော်ဘတ်ဆန်က စီနီယာကစားသမားတွေ မပါဝင်နိုင်ချိန် ခြေစွမ်းပြခဲ့တဲ့လူငယ်ကစားသမားတွေကို ချီးကျူးခဲ့ပါတယ်။
 
“ကျွန်တော်တို့အသင်းအပေါ်မှာ ယုံကြည်မှုရှိသလို လူငယ်တွေကလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ စီနီယာကစားသမား အများအပြားမပါဝင်နိုင်သေးပါဘူး။ ဒါပေမယ့် သူတို့ ရာသီမကုန်ခင် ပြန်လာနိုင်ဖို့တော့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေနဲ့တော့ စွန့်စားမှာမဟုတ်ပါဘူး။ သူတို့ကို နေ့တိုင်းမြင်နေရပါတယ်။ အဲ့တာက ဘာကိုဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့ အရန်ခုံမှာ အရည်အချင်းရှိတဲ့ သူတွေပြည့်နေတယ်ဆိုတာပါပဲ။ သူတို့ ဖိုင်နယ်ပွဲမှာ ဝင်ကစားပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်”
 
“အကယ်ဒမီထွက်ကစားသမားတွေ ပြီးခဲ့တဲ့ပွဲစဉ် ၂ ပွဲကို ဝင်ကစားပြီး မယုံကြည်နိုင်လောက်တဲ့စွမ်းဆောင်ရည်မျိုး ပြသခဲ့ပါတယ်။ သူတို့က ယုံကြည်မှုအပြည့်နဲ့ကို ကစားနေတာပါ။ ဘော်ဘီကလာ့ခ် ၊ မက်ကော်နယ်တို့ပေါ့။ သူတို့အားလုံးမှာ မတူညီတဲ့အနေအထားမျိုးတွေရှိနေပါတယ်။ ဒါပေမယ့် ဘော်ဘီကတော့ တစ်နေ့တခြားတိုးတက်လာတဲ့ကောင်လေးပါ။ အကယ်ဒမီထွက်ကစားသမားတွေကို လိုအပ်ပါတယ်။ အထူးသဖြင့် ဒဏ်ရာရ ကစားသမားတွေများပြားချိန်မှာ သူတို့က ယုံကြည်မှုနဲ့ထိုက်တန်တယ်ဆိုတာ ပြသခဲ့ပါတယ်”လို့ ရော်ဘတ်ဆန်က ပြောကြားခဲ့ပါတယ်။