
ဂျာမနီအနေနဲ့ ကမ္ဘာ့ဖလားစွဲလန်းမှု ကို စွန့်လွှတ်ရမယ်လို့ ပြောကြားလိုက်တဲ့ လီဗာပူးနည်းပြဟောင်း
လီဗာပူးအသင်းနည်းပြဟောင်း ကလော့ပ်က ဂျာမနီအသင်းအနေနဲ့ ကမ္ဘာ့ဖလားစွဲလန်းမှုကို စွန့်လွှတ်ရမယ်လို့ ပြောကြားလိုက်ပါတယ်။ ကလော့ပ်က အသင်းအနေနဲ့ စိတ်ရှည်ပြီး သေချာလေးပြင်ဆင်ကာ စွယ်စုံရကစားသမားတွေတိုးတက်အောင်လုပ်ဆောင်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ယူ - ၂၁ လိဂ်မှာလည်း လူငယ်တွေအနေနဲ့ တိုးတက်လာအောင် စီနီယာအသင်းနဲ့ကွာခြားမှုမရှိအောင် အာရုံစိုက်ရမယ်လို့ ပြောကြားလိုက်ပါတယ်။
ဂျာမနီအသင်းအနေနဲ့ ကလော့ပ်ရဲ့အကြံပေးမှုကို သေချာလေးအာရုံစိုက်ရမှာဖြစ်ပါတယ်။ ကစ်ကာသတင်းဌာနနဲ့အင်တာဗျူးမှာ ကလော့ပ်က နာဂယ်စမန်းရဲ့ဂျာမနီအသင်းကို ချီးကျူးခဲ့ပေမယ့် ကမ္ဘာ့ဖလားစွဲလန်းမှုကို စွန့်လွှတ်ရမယ်လို့ ပြောကြားလိုက်ပါတယ်။ ဂျာမနီဟာ ၂၀၁၄ တုန်းက ကမ္ဘာ့ဖလားနောက်ဆုံးရရှိခဲ့တာဖြစ်ပြီး ၂၀၁၄ နဲ့ ၂၀၁၈ မှာ အုပ်စုအဆင့်ကနေထွက်ခွာခဲ့ရသလို ယူရို ၂၀၂၄ မှာလည်း ကွာတားဖိုင်နယ်မှာ စပိန်ကိုအရေးနိမ့်ခဲ့ပါတယ်။
မကြာသေးခင်တုန်းကလည်း နာဂယ်စမန်းရဲ့အသင်းဟာ နေးရှင်းလိဂ်ဖိုင်နယ်မှာ ပေါ်တူဂီကို ၂-၁ နဲ့အရေးနိမ့်ခဲ့ပြီး တတိယနေရာလုပွဲမှာလည်း ပြင်သစ်ကို ၂-၀ နဲ့အရေးနိမ့်ခဲ့ပါတယ်။ အဲ့နောက် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း ဆလိုဗက်ကီးယားကို ၂-၀ နဲ့ သမိုင်းဝင်အရေးနိမ့်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ ပြင်သစ် ၊ စပိန် ၊ အင်္ဂလန် နဲ့ ပေါ်တူဂီအသင်းတွေက တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသထားနိုင်ခဲ့ပါတယ်။ လီဗာပူးနည်းပြဟောင်းက ဂျာမနီအသင်းအနေနဲ့ တကယ့်အမှန်တရားအတိုင်းချဉ်းကပ်ဖို့ ပြောကြားလိုက်ပါတယ်။
“ကျွန်တော် နာဂယ်စမန်းကို လေးစားပါတယ်။ သူ့ကိုအများကြီးသဘောကျပါတယ်။ သူက အလားအလာရှိတဲ့သူပါ။ သူ့မှာ တကယ်ကောင်းတဲ့အသင်းရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ဒဏ်ရာရကစားသမားတွေပြန်လာချိန်မှာပါ။ ဒီပြိုင်ပွဲကို ပါဝင်ခွင့်ရမယ်ဆိုရင် ကမ္ဘာ့ဖလားစွဲလန်းမှုပြဿနာကို စွန့်လွှတ်ရပါမယ်။ ဒီပြဿနာက ဘာကြောင့်ဖြစ်လဲဆိုတာ ကျွန်တော် နားမလည်သလို မသိပါဘူး။ အခြားအသင်းတွေက သူ့ဟာနဲ့သူ ခြေစွမ်းကောင်းနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကတည်းက သူတို့အောင်မြင်မှုတွေရထားကြပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်က မစိုးရိမ်ပါဘူး။
ဘာလို့လဲဆိုတော့ အသင်းမှာအရည်အချင်းပြည့်ဝတဲ့ကစားသမားတွေအများကြီးရှိနေတာကြောင့်ပါ။ အထူးသဖြင့် နည်းပြကလည်း အဆင်ပြေပါတယ်။ ဒါကြောင့် ကျွန်တော် အရမ်းအကောင်းမြင်နေတာပါ။ ၂ ခုက အရေးကြီးပါတယ်။ လက်ရှိမှာ ပထမဆုံးခြေစစ်ပွဲအောင်ဖို့ပါ။ မှန်ပါတယ်။ ပြိုင်ပွဲအတွင်းမှာ ကျွန်တော်တို့ တိုးတက်နိုင်ပါတယ်။ ယူရို ၂၀၂၃ တုန်းကလုပ်သလို ကျွန်တော်တို့အိမ်ကွင်းမှာလုပ်ပြနိုင်ခဲ့ပါတယ်။ စွမ်းဆောင်ရည်ကတော့ ကျောရိုးပါ”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။
ကလော့ပ်က ဂျာမနီအနေနဲ့ ယူ - ၂၁ လိဂ်ကိုလည်း သေချာလေးအာရုံစိုက်ရမှာဖြစ်ပြီး စီနီယာအသင်းကစားသမားတွေနဲ့ ကြားထဲမှာ ကွာဟမှုသိပ်မရှိအောင်လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဆလိုဗက်ကီးယားကိုအရေးနိမ့်ခဲ့ပေမယ့်လည်း ဂျာမနီဟာ ၃ ပွဲဆက်နိုင်ပွဲပြန်ရှာနိုင်ခဲ့ပြီး အုပ်စု (A) မှာ ရမှတ် ၉ မှတ်နဲ့ ဆလိုဗက်ကီးယားနဲ့ဂိုးကွာခြားချက်အကွာ ထိပ်ဆုံးကနေရပ်တည်နေပါတယ်။