The network connection is lost.

Banner Image

ကာတစ်ဂျုံးစ်အတွက် လီဗာပူးအသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးပမာဏကို အင်တာမီလန်အသင်း သိရှိထား

အီရာအိုလာရောက်ရှိလာပြီးနောက် လီဗာပူးအသင်းရဲ့လူစာရင်းပိုင်းအပြောင်းအလဲတွေမှာ ကာတစ်ဂျုံးစ်လည်း ပါဝင်လာဖို့ ရှိနေပါတယ်။

ကာတစ်ဂျုံးစ်က လီဗာပူးအသင်းရဲ့စိတ်ပျက်ဖွယ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ၃၄ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ကွင်းလယ်လူအဖြစ်သာမက ညာနောက်ခံကစားသမားနေရာမှာပါ တာဝန်ယူပေးခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၂၅ နှစ်အရွယ်ကစားသမားရဲ့ အန်ဖီးလ်မြေစာချုပ်သက်တမ်းက နောက်ဆုံးနှစ်အတွင်း ရောက်ရှိလာလို့ လီဗာပူးအသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှု ရှိလာမလား သို့မဟုတ် အခုနွေရာသီမှာ အသင်းပြောင်းရွှေ့သွားမလား စောင့်ကြည့်သွားရပါမယ်။

အင်တာမီလန်အသင်းဘက်ကလည်း ကာတစ်ဂျုံးစ်ကို စိတ်ဝင်စားမှုရှိတယ်လို့ ထုတ်ဖော်ပြောကြားထားသလို ဒီကွင်းလယ်ကစားသမားအတွက် ကမ်းလှမ်းမှုတစ်ခုလည်း ပြုလုပ်လာနိုင်ပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရ နေရာစုံကစားနိုင်တဲ့ကွင်းလယ်လူရဲ့တန်ကြေးက ပေါင် ၃၅ သန်းဝန်းကျင် ရှိနိုင်ပြီး အဓိကအဟန့်အတားမှာ ဒီပြောင်းရွှေ့ကြေးပမာဏကို အင်တာမီလန်အသင်း ပေးချေဖို့ ဆန္ဒရှိပါ့မလားဆိုတဲ့အချက်ပဲ ဖြစ်တယ်လို့ သိရပါတယ်။

ကာတစ်ဂျုံးစ်ကိုယ်တိုင်လည်း အီတာလျံဘီလူးကြီးတွေဆီ ပြောင်းရွှေ့ဖို့ အီတလီဘောလုံးလောကအကြောင်း ကလပ်အသင်းဖော်ချီယေဆာဆီ မေးမြန်းခဲ့ဖူးပြီး အီရာအိုလာသာ အပြောင်းအရွှေ့ကိုခွင့်ပြုမယ်ဆိုရင် အသင်းမှထွက်ခွာသွားရနိုင်ပါတယ်။