The network connection is lost.

Banner Image

ဘိုင်ယန်နည်းပြနဲ့ပတ်သက်ပြီး ချီးကျူးလိုက်တဲ့ ဂန္ထဝင်ဟောင်း လိုသာမားသီးယက်စ်

ဘိုင်ယန် နဲ့ ဂျာမန်ဂန္ထဝင်ဟောင်း လိုသာမားသီးယက်စ်က နည်းပြ ကွန်ပနီဟာ ဘိုင်ယန်ကို ကျစ်လစ်တဲ့အသင်း ၊ စည်းလုံးတဲ့အသင်းဖြစ်အောင် နောက်တစ်ကြိမ်လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မားသီးယက်စ်က လက်ရှိဘိုင်ယန်အသင်းကို ၁၉၉၀ တုန်းက ကမ္ဘာ့ဖလားရခဲ့တဲ့ ဂျာမနီအသင်းနဲ့ ခိုင်းနှိုင်းလိုက်ပါတယ်။

ဘိုင်ယန်ဟာ ၂၀၂၅ - ၂၆ ရာသီအစမှာ ဂျာမန်စူပါဖလားရယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လိဂ်ပြိုင်ပွဲ ၆ ပွဲမှာလည်း ၆ ပွဲစလုံးကိုအနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ချဲလ်ဆီး နဲ့ ပါဖို့စ်တို့ကိုအနိုင်ယူထားနိုင်ခဲ့ပါတယ်။ ၁၀ ပွဲမှာ ၁၀ ပွဲစလုံးအနိုင်ယူထားနိုင်ခဲ့ပြီး ၃၈ ဂိုးသွင်းယူထားနိုင်ခဲ့ကာ အခုလက်ရှိဘိုင်ယန်က အသင်းတိုင်းကိုအနိုင်ယူနိုင်တဲ့ခြေစွမ်းမျိုးရှိနေတာဖြစ်ပါတယ်။

Bild နဲ့အင်တာဗျူးမှာ မားသီးယက်စ်က ကွန်ပနီဟာ ဘိုင်ယန်ကို အောင်မြင်တဲ့အသင်းဖြစ်အောင် စွမ်းဆောင်ပေးနိုင်မယ့်နည်းပြမျိုးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “ကွန်ပနီက ဘိုင်ယန်ကိုနည်းပြအချို့မှာမရှိတဲ့အရာတစ်ခုယူဆောင်လာပေးနိုင်တဲ့သူပါ။ စုစည်းမှုရှိတဲ့အသင်းဖြစ်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။ အသင်းကလည်း စည်းလုံးမှုရှိသလို ၁၉၉၀ ကမ္ဘာ့ဖလားရခဲ့တုန်းက ဂျာမနီအသင်းနဲ့တောင် ဆင်တူနေပါတယ်။ 

လူစားဝင်ကစားသမားတွေကလည်း ဂိုးတွေသွင်းချိန်မှာ ပျော်ရွှင်တဲ့ခံစားချက်ကို ရပါတယ်။ အဲ့တာက နည်းပြလက်အောက်မှာ သူတို့ပျော်ရွှင်နေတယ်ဆိုတဲ့ လက္ခဏာပါ။ အသင်းသားတွေက တစ်ဦးနဲ့တစ်ဦးချိတ်ဆက်မှုလည်းရှိပါတယ်။ ကွန်ပနီက အသင်းကို တိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်တုန်းက သူမလုပ်ခဲ့တဲ့လူစားလဲမှုမျိုးတောင် လုပ်လာပါတယ်။ သူက တစ်သင်းလုံးကိုထိန်းချုပ်ထားနိုင်ပါတယ်။

အသင်းမှာရှိတဲ့သူတိုင်းက ပျော်ရွှင်စွာပါဝင်နေပါတယ်။ နည်းပြရဲ့ညွှန်ကြားချက်အတိုင်းလည်း သူတို့ကစားကြပါတယ်။ ဒါပေမယ့် သူတို့ ပါးနပ်စွာနဲ့ ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲတွေကကျပ်လာတော့မှာဖြစ်တာကြောင့်ပါ။ နိုင်ငံအသင်းကို မသွားချင်တဲ့ကစားသမားက မရှိစလောက်ကိုနည်းပါတယ်။

ဘိုင်ယန်အနေနဲ့ တိုးတက်ဖို့ လိုအပ်တာတွေရှိနေပါသေးတယ်။ မူစီယာလာ နဲ့ အယ်လ်ဖွန်ဆိုတို့ ပြန်လာနိုင်မယ်ဆိုရင် အသင်းလူအင်အားက ပိုမိုတောင့်တင်းလာမှာပါ။ ဒါပေမယ့်လည်း အတူတူစုစည်းပြီး သေချာလေးအာရုံစိုက်ဖို့က အရေးကြီးပါတယ်”လို့ မားသီးယက်စ်က ဖြေကြားခဲ့ပါတယ်။ ဘိုင်ယန်ဟာ အခုလာမယ့်စနေနေ့မှာ ဒေါ့မွန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိအမှတ်ပေးဇယားမှာလည်း ၂ သင်းက အထက်အောက်ရပ်တည်နေကြတာဖြစ်ပါတယ်။