
နယူးကာဆယ်နဲ့ ပွဲကို ပါဝင်နိုင်ဖို့ မသေချာတဲ့အခြေအနေဖြစ်လာတဲ့ ဘာပေ
ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့တုန်းက မာဆေးလ်အသင်းကို ၄ ဂိုးပြတ်အနိုင်ရခဲ့ပြီး မူအာနီနဲ့ ရာမို့စ်တို့က သူတို့ရဲ့ပီအက်စ်ဂျီ ကစားသမားဘ၀ ပထမဆုံး ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။
မာဆေးလ်ကို အနိုင်ရခဲ့တာကြောင့် ပီအက်စ်ဂျီဟာ ၆ ပွဲ ကစားပြီးနောက် ၁၁ မှတ် နဲ့ အဆင့် ၃ နေရာကို တက်ရောက်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအတွက် သတင်းဆိုးတစ်ရပ်ရှိနေပြီး အဲ့တာက ဘာပေတစ်ယောက် ပထမပိုင်းမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာအခြေအနေကြောင့် ဘာပေဟာ လာမယ့်အောက်တိုဘာလ ၄ ရက်နေ့မှာ ကစားမယ့် နယူးကာဆယ်နဲ့ ချန်ပီယံလိဂ်ပွဲကို ပါဝင်နိုင်ဖို့ မသေချာတာဖြစ်ပါတယ်။ မာဆေးလ်ပရိသတ်တွေ အတွက်တော့ ခက်ခဲတဲ့ရက်သတ္တပတ်ဖြစ်ခဲ့ပြီး ၉ မှတ် နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
ပရိသတ်တွေက နည်းပြ မာဆယ်လီနို နဲ့ တာဝန်ရှိသူတွေကို ဝေဖန်ခဲ့ကြပြီး ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးနေကြပါတယ်။ ပီအက်စ်ဂျီအတွက် ဂိုးတွေကို ဟာကီမီ ၊ ရာမို့စ် ၊ မူအာနီတို့စ်နဲ့ သွင်းယူပေးခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ဒီနေ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး မာဆေးလ်ကို ဦးဆောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားသစ်တွေဖြစ်တဲ့ မူအာနီ နဲ့ ဂွန်ကာလိုရာမို့စ်တို့ ဂိုးတွေရခဲ့တာကလည်း ပီအက်စ်ဂျီအတွက် ဝမ်းသာစရာဖြစ်လာခဲ့ပါတယ်။