The network connection is lost.

Banner Image

အသင်းပိုင်ရှင်နေရာအပြင် ကစားသမားအဖြစ်ပါ ပြန်လည်မြင်တွေ့ရဖွယ်ရှိနေတဲ့ ဆာဂျီယိုရာမို့စ်

ဆီဗီလာအသင်းအုပ်ချုပ်သူတွေက အသင်းရဲ့ဂန္တဝင်နောက်ခံလူရာမို့စ်အတွက် စာချုပ်သစ်တစ်ခု ကမ်းလှမ်းဖို့ အလေးအနက်စဉ်းစားနေပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ဂန္ထဝင်ကစားသမားဟာ လက်ရှိစီးပွားဖက်ဖြစ်သူ Five Eleven Capital Group ပိုင်ရှင် မာတင်အင့်ခ်အပါအဝင် အခြားသောရင်းနှီးမြှုပ်နှံသူတွေနဲ့ ပူးပေါင်းကာ ဆီဗီလာအသင်းကို ဝယ်ယူဖို့ ပြင်ဆင်နေပါတယ်။

စပိန်အခြေစိုက် AS သတင်းဌာနရဲ့ဖော်ပြချက်အရ ဆီဗီလာအသင်းက တန်းဆင်းဇုန်တိုက်ပွဲဆင်နွှဲနေရလို့ အတွေ့အကြုံရင့်ကစားသမားရာမို့စ်ကို ရာသီကုန်အထိ စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာမို့စ်ဟာ မက္ကဆီကိုကလပ် မွန်တာရေးအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ ဖြစ်နေပါတယ်။

ဒါပေမဲ့ ရာမို့စ်အနေနဲ့ အခုရာသီမှာ ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းဖို့ အလွန်တက်ကြွနေပြီး ကွင်းအတွင်း ပြန်လည်ဝင်ရောက်ဖို့ ဆန္ဒရှိနေပါတယ်။

ရာမို့စ်ဟာ ပြီးခဲ့တဲ့ရာသီမှာလည်း ဆီဗီလာအတွက် အချိန်အတန်ကြာကစားခဲ့ပြီး နောက်ပိုင်းမှာ မက္ကဆီကိုကလပ်မွန်တာရေးဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။