The network connection is lost.

Banner Image

အမ်ဘာပေက မော်ရိုကိုနိုင်ငံကို ချစ်မြတ်နိုးသူဖြစ်တယ်လို့ ပြောကြားလာတဲ့ ဟာကီမီ

မော်ရိုကိုလက်ရွေးစင်ကစားသမား ဟာကီမီက သူ့ရဲ့ပီအက်စ်ဂျီအသင်းဖော်ဟောင်း ခီလီယန်အမ်ဘာပေဟာ မော်ရိုကိုနိုင်ငံကိုချစ်မြတ်နိုးသူဖြစ်ပြီး ယခုယှဉ်ပြိုင်နေတဲ့ အာဖရိကဖလားပြိုင်ပွဲမှာလည်း မော်ရိုကိုကသာ ဗိုလ်စွဲမယ်လို့ ထောက်ခံထားသူဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ လာလီဂါပွဲစဉ်တွေရပ်နားထားတာဖြစ်လို့အမ်ဘာပေအနေနဲ့ အနားရနေပြီး ပြင်သစ်သားဟာ သူ့ရဲ့ပီအက်စ်ဂျီအသင်းဖော်ဟောင်း ဟာကီမီရဲ့မော်ရိုကိုလက်ရွေးစင်အသင်းကိုအားပေးဖို့ အာဖရိကသို့ရောက်ရှိနေတာဖြစ်ပါတယ်။

အမ်ဘာပေဟာ ပြီးခဲ့တဲ့စနေနေ့က မာလီကို ၁-၁ နဲ့သရေကျခဲ့တဲ့ မော်ရိုကိုရဲ့ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့လည်းသိရပါတယ်။ မာလီနဲ့ပွဲစဉ်မှာ ဟာကီမီတစ်ယောက် ဒဏ်ရာပြဿနာကြောင့်ပါဝင်နိုင်ခဲ့ခြင်းမရှိပေမယ့် လာမယ့် အင်္ဂါနေ့ ဇမ်ဘီယာနဲ့ပွဲစဉ်မှာတော့ ပထမဆုံးအကြိမ် ပြန်လည်ကစားဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။

မော်ရိုကိုနိုင်ငံသို့ အမ်ဘာပေရောက်ရှိလာခြင်းနဲ့ပတ်သက်ပြီး ဟာကီမီကိုမေးမြန်းမှုပြုလုပ်ခဲ့ရာ ပီအက်စ်ဂျီကြယ်ပွင့်က "ခီလီယမ်အမ်ဘာပေက မော်ရိုကိုနိုင်ငံကိုချစ်ပါတယ်။ ဒီနိုင်ငံကိုအလည်အပတ်လာရတာ သူကြိုက်ပါတယ်။ ကျွန်တော်သိသလောက်တော့ မော်ရိုကိုအစားအစာတွေကိုလည်း သူကြိုက်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးဟာကီမီက အမ်ဘာပေဟာ ယခုနှစ်အာဖရိကပြိုင်ပွဲမှာ မော်ရိုကိုလက်ရွေးစင်အသင်းကဗိုလ်စွဲမယ်လို့ ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။ ကစားသမားက "ကျွန်တော်တို့ ဒီနှစ်အာဖရိကဖလားကိုဗိုလ်စွဲနိုင်တယ်လို့ သူပြောပါတယ်။ ဒါပေမယ့် ဒီမှာက အသင်းကောင်းတွေအများကြီးရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။