အိမ်ကွင်းမှာ လီဗာပူးနဲ့ သရေကျခဲ့ပေမဲ့ စိတ်ပျက်နေခြင်းမရှိတဲ့ အာတီတာ
လီဗာပူးနဲ့ ဂိုးမရှိသရေကျခဲ့လို့ အမှတ်လျော့ခဲ့ပေမဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အားသာချက်ရှိတဲ့ အနေအထားမှာ ရှိနေဆဲပဲလို့ အာဆင်တယိနည်းပြ မီကယ်အာတီတာက အခိုင်အမာ ပြောလိုက်ပါတယ်။ ဒီရလဒ်ကြောင့် အာဆင်နယ်ရဲ့ (၅) ပွဲဆက်နိုင်ပွဲရထားတဲ့ စံချိန်ကတော့ ရပ်တန့်သွားခဲ့ပေမဲ့ ဇယားထိပ်မှာတော့ (၆) မှတ်အသာနဲ့ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
အာတီတာက အခွင့်အရေး လက်လွတ်ခဲ့ရတာကို ဝန်ခံခဲ့ပေမဲ့ ပွဲတွေဆက်တိုက်ကစားရတဲ့ ဒီလိုပွဲကျပ်ကာလမှာ သူ့ကစားသမားတွေရဲ့ ကြံ့ကြံ့ခံနိုင်မှုကိုတော့ ချီးကျူးခဲ့ပါတယ်။ အာတီတာက"ဟုတ်ပါတယ်၊ ပွဲတိုင်း မနိုင်ရင်တော့ အခွင့်အရေး လက်လွတ်ရတာပါပဲ။ ဒီ Christmas ကာလမှာ အခက်အခဲမျိုးစုံကြားကနေ အကောင်းဆုံး ကြိုးစားခဲ့ကြတဲ့ ဒီကစားသမားတွေကို ကျွန်တော် တကယ်ပဲ ချီးကျူးရမှာပါ။ ကျွန်တော်တို့ အခု တကယ်ကို အားသာတဲ့ အနေအထားမှာ ရှိနေပြီး နောက်တစ်ဆင့်အတွက် ဆက်သွားရမှာပါ" လို့ ဆိုခဲ့ပါတယ်။
လက်ရှိချန်ပီယံ လီဗာပူးကတော့ အာဆင်နယ်နဲ့ (၁၄) မှတ်အကွာမှာ ရှိနေပေမဲ့ ဒီရာသီ နှစ်သင်းတွေ့ဆုံမှု နှစ်ကြိမ်စလုံးမှာ ဂိုးမပေးရအောင် ကစားနိုင်ခဲ့ပါတယ်။