အာဆင်နယ်နဲ့ကာလရှည်စာချုပ်ချုပ်ဆိုဆော့မယ့် ဆာကာ
ဘူကာယိုဆာကာဟာ အာဆင်နယ်နဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူလိုက်ပြီး အနာဂတ်ကို ဒီအသင်းမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစာချုပ်သစ်ကြောင့် ဆာကာဟာ အသင်းရဲ့ လစာအများဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာတော့မှာပါ။ အာဆင်နယ်ရဲ့ Hale End အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အသက် ၂၄ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားလေးဟာ ၂၀၁၈ ခုနှစ်မှာ ပွဲဦးထွက် ကစားခဲ့ပြီးကတည်းက မီကယ်အာတီတာရဲ့ အသင်းမှာ အဓိက ကစားသမားတစ်ယောက် ဖြစ်လာခဲ့တာပါ။
ဒီသဘောတူညီမှုဟာ အဓိက ကစားသမားတွေကို သက်တမ်းရှည် စာချုပ်တွေနဲ့ ထိန်းသိမ်းထားဖို့ဆိုတဲ့ အာဆင်နယ်ရဲ့ မဟာဗျူဟာကို ဆက်ပြီး အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။ အရင်ကလည်း ဆာလီဘာ၊ မာဂယ်ဟေးစ်၊ ဝမ်နရီ နဲ့ လူးဝစ်စကယ်လီတို့ကို စာချုပ်သက်တမ်း တိုးခဲ့ပါသေးတယ်။
ဆာကာရဲ့ အခန်းကဏ္ဍဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ၂၀၂၃-၂၄ ရာသီမှာ ဆာကာက အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့ပြီး သွင်းဂိုး၂၀ နဲ့ အသင်းရဲ့ ဂိုးအများဆုံးသွင်းသူလည်း ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက တံကောက်ကြောဒဏ်ရာကြောင့် သုံးလလောက် အနားယူခဲ့ရပေမဲ့ ၃၇ ပွဲမှာ ၁၂ ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ လုပ်ဆောင်ပေးနိုင်ခဲ့တာပါ။ ဒီရာသီမှာတော့ ဆာကာဟာ ၂၇ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။