The network connection is lost.

Banner Image

စောစောစီးစီး ဂိုးပေးလိုက်ရပေမဲ့ ဘုန်းမောက်ကို အနိုင်ယူခြင်းက အာဆင်နယ်အသင်း တိုးတက်လာတာကို ပြသနေတယ်လို့ အာတီတာပြောကြား

အာဆင်နယ်နည်းပြ မီကယ်လ်အာတီတာက ဘုန်းမောက်နဲ့ပွဲမှာ အစောပိုင်းဂိုး ပေးလိုက်ရပေမယ့် ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဟာ (၂၂) နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ ကြိုးပမ်းနေတဲ့ အသင်းရဲ့ "တိုးတက်မှု" လက္ခဏာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ဒီပွဲအနိုင်ရလဒ်ကြောင့် အာဆင်နယ်ဟာ ဒုတိယနေရာက အက်စတွန်ဗီလာထက် (၆) မှတ်အသာရရှိခဲ့ပြီး၊ ယနေ့ည ချဲလ်ဆီးနဲ့ကစားရမယ့် မန်စီးတီးထက် (၇) မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။
အာတီတာက"သူတို့ (ဘုန်းမောက်) က အရမ်းကောင်းပါတယ်။ ပထမဂိုး ပေးလိုက်ရလို့ ကိုယ့်ဘာသာကိုယ် ပိုခက်ခဲအောင် လုပ်ခဲ့ကြပေမယ့် အသင်းရဲ့ စိတ်ဓာတ်ကို ကျွန်တော် သဘောကျပါတယ်။ 
ဂါဘရီယယ်ရဲ့ စိတ်ဓာတ်ကို ကျွန်တော် အရမ်းချစ်ပါတယ်။ သူ အဲ့ဒီအခြေအနေကို ကျော်လွှားခဲ့တဲ့ ပုံစံက မယုံနိုင်စရာပါပဲ။ ဒါဟာ ကျွန်တော်တို့ ဘယ်လောက်အထိ တိုးတက်လာပြီလဲဆိုတာကို ပြသနေပါတယ်။ အသင်းက အနိုင်ရဖို့ နည်းလမ်းကို ရှာတွေ့ခဲ့ပြီး ဒီနိုင်ပွဲက ကြီးမားတဲ့ နိုင်ပွဲပါ" လို့ ချီးကျူးခဲ့ပါတယ်။
ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ အင်္ဂါနေ့က ဗီလာကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ပွဲထွက်နိုင်ဖို့ မသေချာခဲ့ပါဘူး။ 
ဒါပေမဲ့ အာတီတာက အင်္ဂလန်လက်ရွေးစင်ဟာ ပွဲထွက်လူစာရင်းထဲ ပြန်လည်ပါဝင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးရှင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အာတီတာက"သူ့ကိုယ်သူ အတိုင်းအတာတစ်ခုအထိ ဆွဲဆန့်ပြီး ကြိုးစားခဲ့လို့ အသင်းကလည်း အဲဒီ ဂိုးကောင်းနှစ်ဂိုးနဲ့ ဆုချခံရပါတယ်။ သူ ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် နှစ်ဂိုးသွင်းနိုင်ခဲ့တာလို့ ထင်ပါတယ်။ ဒါကြောင့် မမေ့နိုင်စရာ နေ့တစ်နေ့ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။