The network connection is lost.

Banner Image

ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲအပြီးမှာ အသင်းဖော် ဇူဘီမန်ဒီကို ချီးကျူးလိုက်တဲ့ ဒီကလန်ရိုက်စ်

အာဆင်နယ်အသင်းက ဘုန်းမောက်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်က အသင်းဖော် မာတင်ဇူဘီမန်ဒီရဲ့ ခြေစွမ်းကို အထူးတလည် ချီးကျူးပြောဆိုလိုက်ပါတယ်။ 
ဒီပွဲမှာ ဒီကလန်ရိုက်စ်ကိုယ်တိုင်လည်း အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပြီး အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ၈ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက ပေါင် သန်း ၆၀ နဲ့ ရောက်ရှိလာတဲ့ မာတင် ဇူဘီမန်ဒီနဲ့ ပတ်သက်ပြီး ရိုက်စ်က "သူဟာ တကယ်ကို မယုံနိုင်စရာ ကစားသမားတစ်ယောက်ပါ။ လာလီဂါကနေ ဒီအသင်းကို ပြောင်းလာပြီး အခုလို ခြေစွမ်းပြနိုင်တာကို အထင်မသေးသင့်ပါဘူး" လို့ Sky Sportsနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 
ဇူဘီမန်ဒီဟာ ခန္ဓာကိုယ် ထွားကျိုင်းတဲ့သူ မဟုတ်ပေမဲ့ ပွဲကိုဖတ်နိုင်စွမ်းနဲ့ တည်ငြိမ်မှုတွေက အသင်းကို အများကြီး အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရိုက်စ်က "သူနဲ့အတူ ကစားရတာ တကယ်ကို ကောင်းပါတယ်။ ကျွန်တော်လည်း သူ့ဆီကနေ အများကြီး သင်ယူနေရပြီး အခုဆိုရင် ကျွန်တော်တို့ကြားမှာ ကောင်းမွန်တဲ့ တွဲဖက်မှုတစ်ခုကို တည်ဆောက်နိုင်နေပါပြီ။ ကျွန်တော်တို့ နှစ်ယောက်လုံးက ငယ်ရွယ်ပြီး တက်ကြွနေသူတွေ ဖြစ်တာကြောင့် ဒီထက်ပိုပြီး ကောင်းအောင် တည်ဆောက်သွားချင်ပါတယ်" လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
သွင်းဂိုးတွေ ရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဗစ်တာယောကရက်စ် နဲ့ ပတ်သက်ပြီးတော့လည်း ရိုက်စ်က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။  
ယောကရက်စ်ဟာ နောက်ဆုံး ၉ ပွဲမှာ ၁ ဂိုးသာ သွင်းထားနိုင်ပေမဲ့ ပြိုင်ဘက်နောက်ခံလူတွေရဲ့ အမြဲတမ်း လူကပ်စောင့်ကြည့်ခြင်း ခံနေရတာကြောင့် ခက်ခဲနေတာ ဖြစ်တယ်လို့ ရိုက်စ်က ဆိုပါတယ်။
ရိုက်စ်က"ယောကရက်စ်ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။ သူသာ မရှိရင် ကျွန်တော်တို့ အသင်း အခုလို အဆင့်မှာ ရှိနေမှာ မဟုတ်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။