ဘုန်းမောက်ကို အနိုင်ယူကာ အမှတ်ပေးဇယားကို ၆မှတ်ဖြတ်ဦးဆောင်လိုက်တဲ့ အာဆင်နယ်
ဘုန်းမောက် ၂ - ၃ အာဆင်နယ် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းဟာ ဘုန်းမောက်ကို အဝေးကွင်းကို ခက်ခက်ခဲခဲ အနိုင်ယူကာ အမှတ်ပေးဇယားကို ၆မှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။
ပွဲအစပိုင်းမှာ ဂါဘရီရယ်ရဲ့အမှားကြောင့် ဦးဆောင်ဂိုးပေးခဲ့ရပေမဲ့ အာဆင်နယ်တို့ သုံးဂိုးပြန်သွင်းကာ ပွဲကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဘုန်းမောက်က ချေပဂိုးတစ်ဂိုးပြန်သွင်းနိုင်ခဲ့ပေမဲ့ အာဆင်နယ်က အနိုင်ရလဒ်ကိုထိန်းကာ အဝေးကွင်းမှာ အဖိုးတန်အနိုင်၃မှတ်ရှာဖွေသွားနိုင်ခဲ့ပါတယ်။