The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့သရေကျမှုကြောင့် ထိခိုက်နစ်နာမှု ရှိစေတယ်လို့ လီဗာပူးနည်းပြအန်းစလော့ဝန်ခံ

တောတ့င်ဟမ်နဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ တနင်္ဂနွေနေ့အန်ဖီးလ်ကွင်းပွဲစဉ်အပြီး လီဗာပူးနည်းပြအန်းစလော့က အသာစီးဖြင့်ကစားနိုင်ခဲ့ပေမဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်မှာ ဆိုဘိုဆလိုင်းရဲ့ဖရီးကစ်သွင်းဂိုးနဲ့ လီဗာပူးတို့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ရစ်ချာလီဆန်ရဲ့ပွဲချိန်မိနစ် ၉၀ ချေပဂိုးကြောင့် အိမ်ကွင်းသရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ပွဲစဉ်အပြီး အန်းစလော့က "ပွဲချိန်အတော်များများမှာ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တွေမှာ ဒုတိယဂိုးကို သွင်းယူထားနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ အဲဒီလိုလုပ်နိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်း ၁၅ မိနစ်၊ မိနစ် ၂၀ လောက်မှာတော့ နှစ်သင်းလုံး ခြေရည်တူသွားပြီး ဘယ်အသင်းဂိုးရမလဲဆိုတာ စောင့်ကြည့်ခဲ့ရတဲ့ အနေအထား ဖြစ်သွားပါတယ်" လို့ ဆိုပါတယ်။

"ပြိုင်ဘက်အသင်းရရှိခဲ့တဲ့ ၄၊ ၅ ကြိမ်လောက်သော အခွင့်အရေးတွေက ပုံစံတူတွေပါပဲ။ အဝေးဘောကန်တင်တာ၊ Second Ball ပြန်ယူတာနဲ့ အဲဒီမှတစ်ဆင့် ခြိမ်းခြောက်ဖို့ ကြိုးစားတဲ့ပုံစံမျိုး ဖြစ်ပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

"ကျွန်တော်တို့လည်း Second Ball ပြန်ရပြီး တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့တာတွေ ရှိပါတယ်။ ၄ ယောက် ၃ ယောက်၊ ၃ ယောက် ၂ ယောက် အနေအထားနဲ့ တန်ပြန်တိုက်စစ်ဆင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ အရည်အသွေးအပြည့်ကစားသမားတွေနဲ့ဆိုရင် ပိုကောင်းတဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ဒါမှမဟုတ် ရတဲ့အခွင့်အရေးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့ လိုအပ်ခဲ့ပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမိနစ်ချေပဂိုးပေးရချိန် ပွဲစဉ်ဆီ ပြန်လာဖို့အတွက် အချိန်မရှိတော့ပါဘူး" လို့ ဆိုပါတယ်။

ဒီရလဒ်က လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် (Top 4) မျှော်လင့်ချက်ကို ထိခိုက်စေသလားလို့ မေးမြန်းရာမှာတော့ အန်းစလော့က "သေချာပေါက် ထိခိုက်စေပါတယ်။ ဒါပေမဲ့ အခုလို ထိခိုက်နစ်နာရတယ်ဆိုတာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်မကူညီနိုင်ခဲ့ကြဘူး။ ဒီရာသီမှာ ရသင့်တဲ့ဂိုး (xG) ဒါမှမဟုတ် ရခဲ့တဲ့ အခွင့်အရေးတွေက သွင်းခဲ့တဲ့ ဂိုးအရေအတွက်ထက် အများကြီး ပိုများနေခဲ့တာ အကြိမ်ကြိမ်ရှိနေပါပြီ" လို့ ပြတ်ပြတ်သားသား ဖြေကြားခဲ့ပါတယ်။

"ပရိသတ်တွေ စိတ်ပျက်နေတယ်ဆိုတာကိုလည်း နားလည်ပေးလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အိမ်ကွင်းမှာ မျှော်လင့်ထားသလို အမှတ်မရတာ၊ နောက်ဆုံးမိနစ်မှ ဂိုးပေးရတာမျိုးတွေကို သူတို့ အကြိမ်ကြိမ် မြင်တွေ့နေရလို့ပါပဲ" လို့ အန်းစလော့က ပြောကြားသွားပါတယ်။