The network connection is lost.

Banner Image

တူရကီမြေရှုံးနိမ့်မှုအပြီး လီဗာပူးအသင်းရဲ့ပေါ့လျော့မှုတွေကို စိတ်ပျက်နေခဲ့တဲ့ အန်းစလော့

အင်္ဂါနေ့၊ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်မှာ ဂါလာတာစာရေးအသင်းက လီဗာပူးကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လီဗာပူးနည်းပြအန်းစလော့ကတော့ သူ့အသင်းရဲ့အဆုံးသတ်ပိုင်းပေါ့လျော့မှုတွေအတွက် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပါတယ်။

အစ္စတန်ဘူလ်မြို့၊ RAMS Stadium ပွဲစဉ်အတွင်း ပထမပိုင်းအစောပိုင်းမှာတင် လီမီနာရဲ့ ခေါင်းတိုက်ဂိုးနဲ့အတူ လီဗာပူးတို့ အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်တွေမှာလည်း ဂါလာတာစာရေးက ဂိုးထပ်ရနိုင်မယ့်အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့လို့ ဦးဆောင်ဂိုးတွေ ထပ်မပေးလိုက်ရတာ လီဗာပူးအတွက် ကံကောင်းလွန်းတယ်လို့ ဆိုရပါလိမ့်မယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးရဲ့ကစားဟန် ပြန်ကောင်းလာခဲ့ပြီး ကိုနာတေးရဲ့ချေပဂိုးရရှိခဲ့ပေမဲ့ လက်ထိဘောအဖြစ် သတ်မှတ်ကာ ပြန်လည်ပယ်ဖျက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ မိုဆာလက်ကတော့ အခုပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ဘဲ ပွဲကစားချိန်မိနစ် ၆၀မှာတင် လူစားလဲလှယ်ခဲ့ရပါတယ်။ ဒါက မိုဆာလက်အတွက် လီဗာပူးနဲ့အတူ ချန်ပီယံလိဂ် ၈၁ ကြိမ်မြောက်ပွဲစဉ်ဖြစ်ပြီး စံချိန်သစ်တင်ရှိနိုင်တဲ့ အခိုက်အတန့် ဖြစ်လာခဲ့ပါတယ်။

"ကျွန်တော်တို့ ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့ပြီး အခွင့်အရေးကောင်း သုံးလေးကြိမ်လောက် ရခဲ့ပါတယ်။ အကြီးမားဆုံးအခွင့်အရေးကတော့ ဖလော်ရီယန်ဝစ်ဇ်အပိုင်ကန်သွင်းခွင့်ရရှိတဲ့အနေအထားဖြစ်ပြီး ဒီအခွင့်အရေးကို သူ အဆုံးမသတ်နိုင်ခဲ့ပါဘူး" လို့ အန်းစလော့က ပြောပါတယ်။

"ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့တဲ့အချိန်မှာ သူတို့က ပထမဆုံးတိုက်စစ်ဆင်မှုမှတဆင့် ထောင့်ကန်ဘော ရသွားခဲ့တယ်။ သူတို့ရဲ့အခွင့်အရေးအသုံးချသွားပုံကတော့ ချီးကျူးစရာပါပဲ။ သူတို့က ဒါဟာ သူတို့ဘဝရဲ့ နောက်ဆုံးရတဲ့ အခွင့်အရေးတစ်ခုလိုမျိုး အသေအလဲကစားသွားကြပါတယ်။ ဒါက ကျွန်တော်တို့ သင်ခန်းစာယူရမယ့် အချက်ပါ။ ကျွန်တော်တို့က အခွင့်အရေးရတဲ့အခါ နောက်ထပ်အခွင့်အရေး ၁၀ ကြိမ်လောက်ထပ်ရဦးမှာပဲလို့ ထင်နေကြပုံမျိုး ဖြစ်နေတတ်တယ်။ ဒီကွင်းက လာကစားဖို့ခက်ခဲတဲ့နေရာဆိုတာ သိပြီးသားပါ၊ ဒါပေမဲ့ ဦးဆောင်ဂိုးပေးလိုက်ရချိန်မှာတော့ ပိုပြီးခက်ခဲသွားစေပါတယ်" လို့ ၎င်းက ဆိုပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၆ နေရာ ရောက်ရှိနေတဲ့ လီဗာပူးက အဆင်မပြေဖြစ်နေတဲ့ ဒီရာသီကို ချန်ပီယံလိဂ်ဖလားအောင်မြင်မှုနဲ့အတူ ကုစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ အခုပွဲစဉ်ကတော့ သူတို့ရဲ့စွမ်းဆောင်ရည်ပိုင်းမတည်ငြိမ်မှုကို ပြသပေးနေတဲ့ နောက်ထပ်အခိုက်အတန့်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ကိုနတေးရဲ့ချေပဂိုးကို ပယ်ဖျက်ခဲ့တဲ့ VAR ရဲ့ဆုံးဖြတ်ချက်အပေါ်မှာလည်း အန်းစလော့က ညည်းတွားခဲ့ပါတယ်။ အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်အု်ပ်စုအဆင့်၊ဂါလာတာစာရေးကွင်းမှာရှုံးနိမ့်ခဲ့ဖူးလို့ အန်းစလော့က "အရာရာတိုင်း ကျွန်တော်တို့နဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာ မဖြစ်နိုင်လောက်အောင်ပါပဲ" လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဂါလာတာစာရေးပရိသတ်တွေရဲ့ အပြင်းအထန်အားပေးမှုတွေအောက်မှာ ကွင်းလယ်ဒိုင်မန်ဇာနို လွှမ်းမိုးခံခဲ့ရတယ်လို့လည်း အန်းစေလာ့က အရိပ်အမြွက်ပြောခဲ့ပါတယ်။

"အခုလိုအခြေအနေမျိုးမှာ ဒိုင်လူကြီးတွေနဲ့စကားပြောဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ သူတို့က VAR နဲ့ ဆက်သွယ်နေရတာဆိုတော့ ဘာပြောလဲဆိုတာကိုပဲ နားထောင်နေရတာပါ။ အဲဒီဂိုးကို ပယ်ဖျက်လိုက်တာ မှန်တယ်ဆိုရင်တောင် (လူတွေဆီက အမြင်အမျိုးမျိုး ကြားနေရလို့ ဆုံးဖြတ်ရခက်ပေမဲ့) ဒါဟာ ရှင်းရှင်းလင်းလင်းကြီး ရှိလှတာတော့ မဟုတ်ပါဘူး၊ ထားပါတော့၊ သူတို့ဆုံးဖြတ်ချက် မှန်တယ်ပဲ ဆိုပါစို့" လို့ အန်းစလော့က ဆိုပါတယ်။

ဒါ့အပြင် ကိုနတေးဂိုးမသွင်းယူမီ ထောင့်ကန်ဘောကန်တင်ပေးချိန် လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်ရဲ့အင်္ကျီကို ပြိုင်ဘက်ကစားသမားတွေ ဆွဲထားခဲ့လို့ ပယ်နယ်တီပေးသင့်တယ်လို့ အန်းစလော့က ယူဆနေပါတယ်။ ဒါက ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးမှာ အရေးယူခံရလေ့ရှိတဲ့အမှားမျိုးဖြစ်တယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

" ကိုနတေးရဲ့လက်ကိုဘောလုံးမထိခင် သူတို့တွေ ဗန်ဒိုက်ရဲ့ အင်္ကျီကို ဘယ်လောက်အထိဆွဲထားလဲဆိုတာ ကြည့်လိုက်ရင် ဒီနေ့၊ ပရိသတ်တွေရဲ့ အားပေးမှုအရှိန်အဟုန်က ကျွန်တော်တို့ကိုပဲ အထင်ကြီးစေခဲ့တာ မဟုတ်ဘူး၊ ဒိုင်လူကြီးကိုပါ လွှမ်းမိုးသွားတယ်ဆိုတာ သိသာပါတယ်။ ချန်ပီယံလိဂ်ထက်စာရင် ပရီးမီးယားလိဂ်က ကစားသမားချင်းထိတွေ့မှုကို ပိုပြီး ခွင့်ပြုပေးပါတယ်။ ဒါကြောင့်လည်း အဲဒီအခြေအနေမှာ ပင်နယ်တီမပေးလို့ ကျွန်တော် အရမ်းအံ့သြမိတာပါ။ ဘာလို့လဲဆိုတော့ တခြားအဖြစ်အပျက်တွေမှာ ကျွန်တော်တို့ အမှားလုပ်မိရင် သူက ချက်ချင်းဝီစီမှုတ်ပြီး ဂါလာတာစာရေးကို ပြစ်ဒဏ်ဘောပေးခဲ့ပါတယ်။ တစ်ဖက်အသင်းရဲ့အမှားလုပ်ချိန်ကျမှ ကွင်းလယ်ဒိုင်က ဘာမှမဖြစ်သွားသလို လက်ခံပေးလိုက်တယ်ဆိုတာ တကယ်ကိုအံ့ဩစရာ‌ ကောင်းလွန်းပါတယ်" လို့ ၎င်းက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။