The network connection is lost.

Banner Image

လီဗာပူးအသင်းဆီ အီဆက်ခ် အမြန်ဆုံးပြန်လာဖို့ မျှော်လင့်နေတဲ့ အန်ဖီးလ်ဂန္တဝင်အီရန်ရှပ်ရှ်

လီဗာပူးဂန္ထဝင်အီရန်ရပ်ရှ်က အီဆက်ခ်ရဲ့ကစားပုံကို ပြန်လည်မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်။ ဆွီဒင်တိုက်စစ်မှူးက ခြေထောက်အရိုးအက်ဒဏ်ရာကြောင့် အနားယူနေရပြီး အခုဘောလုံးရာသီမကုန်ဆုံးခင် ပြန်ကစားနိုင်မယ့်အခြေအနေမှာ ရှိနေပါတယ်။

ရပ်ရှ်က "အခုခေတ်မှာ NO.9 တိုက်စစ်မှူးနေရာစစ်စစ် ကစားတဲ့သူတွေကို သိပ်မတွေ့ရတော့ဘူးမဟုတ်လား? ဟာလန်း၊ ဟယ်ရီကိန်းနဲ့ အီဆက်ခ်တို့လောက်ပဲ ရှိပါတယ်။ အီဆက်ခ်က ကျွန်တော့်လိုနေရာမျိုးမှာ ကစားသူဖြစ်လို့ သူပြန်လာမယ့်ကိစ္စကို ကျွန်တော် အမှန်တကယ်မစောင့်ဆိုင်းနိုင်တော့ပါဘူး။ NO.9 တိုက်စစ်မှူးစစ်စစ်တစ်ဦးကို ကြည့်ရှုရခြင်းအပေါ် ကျွန်တော် ကြိုက်နှစ်သက်ပြီး သူ မကြာခင် ပြန်လာလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်" လို့ Liverpool Echo ဆီ ပြောကြားခဲ့ပါတယ်။

အီဆက်ခ်နဲ့ အီကီတီကီအကြား ရွေးချယ်ပေးရမယ့်ကိစ္စကိုလည်း ရပ်ရှ်က "အီဆက်ခ်အတွက်တော့ သူက ရာသီကြိုပြင်ဆင်မှုတွေ လွဲချော်ခဲ့လို့ အနည်းငယ်ခက်ခဲပါတယ်။ သူက အထောင်တိုက်စစ်မှူးစစ်စစ် တစ်ဦးပါ။ ကွင်းတွင်းမှာ ကိုယ် ဘာလုပ်နိုင်သလဲဆိုတာကို နည်းပြ မြင်အောင်ပြသနိုင်ဖို့ပဲ လိုအပ်ပါတယ်။ ဒါဆိုရင် သူတို့တွေ မင်းကို ချန်ထားမှာမဟုတ်ပါဘူး။ အကယ်၍ သူတို့နှစ်ဦးလုံးသာ ခြေစွမ်းပြနိုင်မယ်ဆိုရင် သူတို့နှစ်ဦးလုံး ပွဲထွက်ခွင့်ရရှိနိုင်ပါတယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။