အီတီဟတ်မှာ သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ မန်စီးတီး
မန်စီးတီး ၂-၂ နော်တင်ဟမ်ဖောရက်စ် (ပွဲပြီးရလဒ်)
အခုပွဲစဉ်မှာ အိမ်ရှင်မန်စီးတီးရော၊ ဧည့်သည်နော်တင်ဟမ်ဖောရက်စ်ပါ ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားသွားကြလို့ အကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ မန်စီးတီးက ပထမပိုင်းပွဲချိန်တွေကို ဆီမန်ညိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်ထားခဲ့ပြီး ဒုတိယပိုင်းစတင်လာချိန်မှာတော့ အီဂေါဂျီးဆပ်စ်က ဧည့်သည်တွေအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ထောင့်ကန်ဘောမှတဆင့် ရိုဒရီက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာတော့ အန်ဒါဆန်ရဲ့လှပသေသပ်တဲ့အဝေးကန်ချက်ချေပဂိုးနဲ့အတူ ဧည့်သည်တို့ အဖိုးတန်အဝေးကွင်းသရေတစ်မှတ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။