The network connection is lost.

Banner Image

Molineux မှာ ရှုံးပွဲကြုံပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ထိုးနှက်ခံလိုက်ရတဲ့ လီဗာပူး

ဝုဗ် ၂-၁ လီဗာပူး (ပွဲပြီးရလဒ်)

အခုပွဲစဉ်ပွဲချိန်တလျှောက်လုံး အိမ်ရှင်ဝုဗ်ကို ဧည့်သည်လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားသွားပေမဲ့ အပိုင်အခွင့်အရေးဖန်တီးနိုင်ခြင်းမရှိ၊ ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ လုံးလည်ချာလည်လိုက်နေခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ တန်ပြန်တိုက်စစ်မှတဆင့် လူစားဝင်ကစားသမားရိုဒရီဂိုဂိုးမက်စ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး မိနစ်ပိုင်းအကြာမှာ ပြိုင်ဘက်ကစားသမားရဲ့လူပေးပုံမှားယွင်းမှုမှတဆင့် မိုဆာလက်က ချေပဂိုးသွင်းယူခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာတော့ အိမ်ရှင်တို့အနိုင်ဂိုးရရှိခဲ့ပြီး ကွင်းလယ်ကစားသမားအန်ဒရေက သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်အပြီး အန်းစလော့ရဲ့အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုအပ်ချက်ကြီးမားနေချိန်  အနိုင်သုံးမှတ်အပြည့်နဲ့ထိုက်တန်တဲ့ ကစားပုံကစားဟန်မျိုး မပြသနိုင်ဘဲ အဝေးကွင်းရှုံးပွဲကို ထိုက်ထိုက်တန်တန်ပိုင်ဆိုင်သွားခဲ့ပါတယ်။