ဝက်စ်ဟမ်းရဲ့သရေပွဲစဉ်အပြီး ချန်ပီယံရှစ်ဆီ တန်းဆင်းသွားရတဲ့ ဝုဗ်အသင်း
ခရစ္စတယ်ပဲလေ့စ်နဲ့ ဝက်စ်ဟမ်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဝုဗ်အသင်းက ချန်ပီယံရှစ်ဆီ တန်းဆင်းရဖို့ သင်္ချာနည်းအရ သေချာသွားခဲ့ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဝက်စ်ဟမ်းက ၃၃ မှတ် ရရှိသွားခဲ့ပြီး တန်းဆင်းဇုန်နဲ့ အနည်းငယ်ဝေးကွာသွားခဲ့ပါတယ်။
ဒီရလဒ်ကြောင့် ရမှတ် ၁၇ မှတ်သာ စုဆောင်းထားနိုင်တဲ့ ဝုဗ်က တန်းဆင်းဇုန်လွတ်မြောက်မယ့်နေရာနဲ့ ၁၈ မှတ်အထိ ကွာဟသွားပါတယ်။
လက်ကျန်ပွဲစဉ်ငါးပွဲသာကျန်ရှိချိန် ဝုဗ်အတွက် ရာနှုန်းပြည့်နိုင်ပွဲဖော်ဆောင်နိုင်မယ်ဆိုရင်တောင် စုစုပေါင်းရမှတ် အများဆုံး ၃၂ မှတ်ပဲ ရှိနိုင်လို့ တန်းဆင်းဇုန်လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ဒါက အနောက်အလယ်ပိုင်းဒေသအခြေစိုက်ကလပ်အသင်းရဲ့ ရှစ်နှစ်ကြာ ပရီးမီးယားလိဂ်ခရီးစဉ် အဆုံးသတ်မှုလည်း ဖြစ်လာပါတယ်။