The network connection is lost.

Banner Image

ဝုဗ်ကို အနိုင်ရပြီး တန်းဆင်းဇုန်မှလွတ်မြောက်လာမှုအတွက် ပျော်ရွှင်ကျေနပ်နေတဲ့ ဝက်စ်ဟမ်းနည်းပြနူနိုဆန်းတို့စ်

ဒီနေ့မနက်ပိုင်း၊ ဝုဗ်ကို ၄-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ယူခဲ့ပြီးနောက် ဝက်စ်ဟမ်းနည်းပြနူနိုဆန်းတို့စ်က သူ့ရဲ့ကစားသမားတွေနဲ့ပတ်သက်လို့ အလွန်ကျေနပ်အားရနေပါတယ်။

ဒီပွဲစဉ်မှာ ဝက်စ်ဟမ်းအတွက် ကတ်စတယ်လာနို့စ်နဲ့ မာဗရိုပါနို့စ်တို့က နှစ်ဂိုးစီ သွင်းယူပေးခဲ့ကြပြီး လန်ဒန်အခြေစိုက်ကလပ်အသင်းကို တော့တင်ဟမ်နဲ့ နေရာချင်းလဲကာ တန်းဆင်းဇုန်မှ ရုန်းထွက်စေခဲ့ပါတယ်။

ပွဲစဉ်အပြီး နူနိုဆန်းတို့စ်က "ပွဲအစပိုင်းမှာ သိပ်မကောင်းခဲ့ပါဘူး။ ပထမပိုင်းက ခက်ခဲခဲ့ပြီး နေရာလွတ်တွေ မရှာနိုင်သလို ဝုဗ်ရဲ့ ထိုးဖောက်မှုတွေကိုလည်း မတားဆီးနိုင်ခဲ့ဘူး။ ပွဲအစောပိုင်းမှာ ရုန်းကန်ခဲ့ရပေမဲ့ ဂိုးရလိုက်တဲ့အချိန်က ကျွန်တော်တို့အတွက် ကွက်တိဖြစ်သွားခဲ့ပါတယ်။ ဒုတိယပိုင်းကတော့ တကယ်ကို ကောင်းမွန်ခဲ့ပါတယ်" လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"ပြိုင်ဘက်ဝုဗ်အသင်းကလည်း နည်းဗျူဟာပိုင်းကောင်းမွန်သလို ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။

ဂိုးရလိုက်တာ အများကြီးအထောက်အကူဖြစ်သွားပါတယ်။ အဲဒါကြောင့်လည်း ပထမပိုင်းအပြီးအနားယူချိန်မှာ ပြောရတဲ့စကားတွေက လုံးဝပြောင်းလဲသွားတယ်။ ကစားသမားတွေကလည်း တည်တည်ငြိမ်ငြိမ်နဲ့ သေချာနားထောင်ခဲ့ကြပါတယ်။

ကတ်စတယ်လာနို့စ်လည်း အခြေအနေကောင်းပါတယ်။ ဘိုဝင်ကတော့ တိုင်ထိခဲ့တယ်၊ ပါဘလိုကလည်း ကောင်းကောင်းကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ တိုက်စစ်မှူးတွေ ယုံကြည်မှုရှိပြီး ဂိုးသွင်းနိုင်ဖို့ လိုအပ်ပါတယ်။

မာဗရိုပါနို့စ်အတွက်လည်း ကျွန်တော်တို့ ဝမ်းသာပါတယ်။ အဓိကကတော့ ခြေစွမ်းတည်ငြိမ်ဖို့ပါပဲ။ ဘောလုံးပေးပို့မှုတွေနဲ့ တိုက်စစ်ဆင်တဲ့ ကစားသမားတွေက အရေးကြီးပါတယ်။ အခုလို အချိန်ကောင်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး အကျိုးရှိရှိ အသုံးချရပါမယ်။

ဒါ အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်တို့မှာ ရှည်လျားတဲ့ ရက်သတ္တပတ်တွေ ကျန်နေသေးလို့ အပြုံးတွေနဲ့ ကောင်းမွန်တဲ့ခွန်အားတွေ လိုအပ်နေပါတယ်။ ဒါပေမဲ့ ဒီနိုင်ပွဲက ဘာကိုမှ မပြောင်းလဲနိုင်သေးပါဘူး။ ရှေ့မှာ ခက်ခဲတဲ့အချိန်တွေ ရှိနေပါသေးတယ်။

ကျွန်တော်တို့ လုပ်စရာရှိတာကိုပဲ ဆက်လုပ်သွားရပါမယ်။ တခြားကွင်းတွေမှာ ဘာဖြစ်နေလဲဆိုတာကို ကျွန်တော်တို့ ထိန်းချုပ်လို့မရပါဘူး။ လာမယ့်သီတင်းပတ်မှာ အခြေအနေတွေ ပြောင်းလဲသွားနိုင်ပေမဲ့ ကျွန်တော်တို့ကတော့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်သွားရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။