စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘာစီလိုနာကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ချဲလ်ဆီး
ချဲလ်ဆီး ၃-၀ ဘာစီလိုနာ (ပွဲပြီးရလဒ်)
ဥရောပထိပ်တန်းကလပ်အသင်းနှစ်ခုထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်မှာ အိမ်ရှင်တွေကသာ ပြိုင်ဘက်အပေါ် သိသိသာသာလွှမ်းမိုးကစားခဲ့ပြီး ဂိုးပြတ်အနိုင်ရလဒ်တစ်ခု ဖော်ဆောင်သွားခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ချဲလ်ဆီးက ကွန်ဒီရဲ့ O.G မှတဆင့် ဦးဆောင်ဂိုးရရှိခဲ့သလို ဘာစီလိုနာနောက်ခံလူအရူဂျိုပါ နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံရလို့ ကစားသမားတစ်ဦး အသာစီးရရှိခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ အဖက်ဖက်မှအသာစီးရနေတဲ့အိမ်ရှင်တွေအတွက် အက်စ်တီဗာအိုနဲ့ ဒီလပ်တို့က အနိုင်သေချာစေမယ့်သွင်းဂိုးတွေကို ရှာဖွေပေးပြီး ဂိုးပြတ်နိုင်ပွဲတစ်ခုဖော်ဆောင်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီးရဲ့ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တိုက်ရိုက်တက်လှမ်းနိုင်ရေးမျှော်လင့်ချက် အားကောင်းလာခဲ့ပါတယ်။