The network connection is lost.

Banner Image

အနာဂတ်အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ထောက်ခံအားပေးမှုမလိုဘူးလို့ အလွန်ဆိုပြော

ဇာဘီအလွန်ဆိုက ရီးရဲလ်မက်ဒရစ်မှာ အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေကို အာရုံမစိုက်ပါဘူးလို့ ပြောလိုက်ပါတယ်။  ချန်ပီယံလိဂ်မှာ အိုလံပီယာကို့စ်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေချိန် ကလပ်အသင်းဘက်က ထောက်ခံအားပေးတဲ့စကားမျိုးမလိုအပ်ပါဘူးလို့လည်း အလွန်ဆိုက အခိုင်အမာ ပြောခဲ့ပါတယ်။ သုံးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကြောင့် အလွန်ဆိုဟာ နည်းပြသက်တမ်းအစောပိုင်းမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ကစားသမားရွေးချယ်မှု၊ နည်းစနစ်ပိုင်းနဲ့ အသင်းစီမံခန့်ခွဲမှုတွေအပေါ် စောင့်ကြည့်ဝေဖန်မှုတွေလည်း များလာနေတယ် လို့ သိရပါတယ်။နည်းပြဘ၀ သုံးလတာမှာ ပျော်ရွှင်မှုရှိရဲ့လားလို့မေးတဲ့အခါ အလွန်ဆိုက "တောင်းဆိုမှုတွေ များပါတယ်။ ဒီလို အခြေအနေမျိုးတွေကို ကိုင်တွယ်ရတဲ့ ပထမဆုံး နည်းပြ ကျွန်တော် မဟုတ်ပါဘူး။ ကာလို အန်ဆယ်လော့တီ ဒါမှမဟုတ် မော်ရင်ဟိုဆို ဘာလုပ်မလဲ၊ ပယ်လီဂရီနီလည်း အပါအဝင်ပေါ့၊ ကျွန်တော် စဉ်းစားပါတယ်။ ဒါက အသစ်အဆန်း မဟုတ်ပါဘူး။ ဒါနဲ့ ဘယ်လိုနေထိုင်ရမလဲဆိုတာ သိဖို့ လိုပါတယ်" လို့ ပြောခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပြီး ပြိုင်ဘက် ဘာစီလိုနာထက် တစ်မှတ်အသာ ရထားသလို ချန်ပီယံလိဂ် ၄ ပွဲ ကစားပြီးချိန်မှာလည်း ၉ မှတ် ရထားပေမဲ့ အလွန်ဆိုကတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ မက်ဒရစ်က သတင်းတွေအရ အလွန်ဆိုနဲ့ ကစားသမား အတော်များများရဲ့ ဆက်ဆံရေးဟာ ထိခိုက်နေပြီး ဗင်နီစီးယက်စ်ဆိုရင် ဒီရာသီ ၄ ကြိမ်တိုင်တိုင် အရန်ခုံမှာ ထိုင်ခဲ့ရလို့ မပျော်မရွှင် ဖြစ်နေတယ် လို့ ESPN က ဖော်ပြထားပါတယ်။

ဆက်လက်ပြီး အလွန်ဆိုက"ဘောလုံးလောကမှာ အတ္တကြီးတာတွေကို စီမံခန့်ခွဲတာက မင်းရဲ့ ဘောလုံးအယူအဆ၊ မင်းရဲ့ နည်းစနစ်ပိုင်း အလုပ်၊ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အလုပ်တွေလိုပဲ အရေးကြီးပါတယ်။ မတူညီတဲ့ စရိုက်လက္ခဏာတွေနဲ့ အလုပ်လုပ်ပြီး သူတို့ဆီက အကောင်းဆုံးအရာတွေကို ရယူရတာပါ။ ဒါက အတက်အကျရှိတဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ ဘယ်အသင်းမှာမဆို ဒါကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သိဖို့ လိုပါတယ်၊ ရီးရဲလ်မှာဆိုရင်တော့ ဒါက အဓိကပါပဲ" လို့ ပြောပါတယ်။