The network connection is lost.

Banner Image

ဘရာဇီးအသင်းမှာ နေမာရဲ့နေရာကို အစားထိုးဖို့ မဖြစ်နိုင်ဘူးလို့ ဝန်ခံလိုက်တဲ့ အန်ဆယ်လော့တီ

ဘရာဇီးလက်ရွေးစင်အသင်းနည်းပြအန်ဆယ်လော့တီက နေမာနဲ့ပတ်သက်လို့ ကမ္ဘာ့ဖလားငါးကြိမ်ဆုရှင်တွေအတွက် အစားထိုးလို့မရနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ချဲလ်ဆီးတိုက်စစ်မှူးဂျော်အိုပက်ဒရိုတို့လို ကစားသမားတွေအစား အသက် ၃၄ နှစ်အရွယ်နေမာကို အသင်းလူစာရင်းမှာ အငြင်းပွားဖွယ် ထည့်သွင်းခဲ့ပါတယ်။

ဒါပေမဲ့ ဒူးဒဏ်ရာကြောင့် နေမာက ကမ္ဘာ့ဖလားပွဲစဉ်သုံးခုမှာ ၃၇ မိနစ်သာ ကစားနိုင်ခဲ့ပြီး နောက်ပိုင်းမှာ လက်ရွေးစင်ကစားသမားဘ၀ကို စွန့်လွှတ်အနားယူသွားခဲ့ပါတယ်။
 
CNN Esportes နဲ့ အင်တာဗျူးမှာ အန်ဆယ်လော့တီက "သူ့ရဲ့ အရည်အသွေးကြောင့် အသင်းမှာ သူရှိနေဖို့ ထိုက်တန်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
 
"နေမာက လက်ရွေးစင်အသင်းဆီ ပြန်မလာချင်တော့ဘူးဆိုတာကို အတည်ပြုပြောကြားပြီးပါပြီ။
 
နေမာဆိုတာ ထူးကဲပြီး ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်လို့ သူ့နေရာကို အစားထိုးလို့ မရနိုင်ပါဘူး။ ဒါကြောင့် သူဟာ အစားထိုးဖို့ မဖြစ်နိုင်တဲ့ ကစားသမားတစ်ဦးပါ"လို့ ဆက်ပြောခဲ့ပါတယ်။
 
ဘရာဇီးအသင်းက လာမယ့်နိုင်ငံတကာသီတင်းပတ်အတွင်း ဩစတြေးလျနဲ့ နှစ်ကြိမ် ရင်ဆိုင်ရဖို့ရှိသလို သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယအသင်းနဲ့လည်း ယှဉ်ပြိုင်ကစားသွားပါလိမ့်မယ်။