ရက်ရှ်ဖို့ဒ် ဘာစီလိုနာမှာ ပျော်ရွှင်နေကြောင်း ဟန်စီဖလစ်ခ် အခိုင်အမာပြောကြား
ဘာစီလိုနာနည်းပြဟန်စီ ဖလစ်ခ်က တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အသင်းမှာ ပျော်ရွှင်နေကြောင်း ချဲလ်ဆီးနဲ့ ပွဲစဉ်မတိုင်ခင် အခိုင်အမာပြောကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အဖျားဝေဒနာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားမယ့်ပွဲစဉ်အတွက် သံသယရှိခဲ့ပေမဲ့ ကြံ့ခိုင်မှုပြည့်ဝပြီး ကစားနိုင်မယ်လို့ အတည်ပြုခဲ့ပါတယ်။
ဖလစ်ခ်က "ကျွန်တော် တကယ်ကို ဝမ်းသာပါတယ်။ သူ အအေးမိရာကနေ ပြန်ကောင်းလာပါပြီ။ သူအဆင်ပြေပါတယ်။ သူပွဲထွက်မလားဆိုတာ မနက်ဖြန် ဆုံးဖြတ်ပါမယ်။ ဒါပေမဲ့ သူကျွန်တော်တို့အသင်းမှာ ရှိနေတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော် သူ့ကစားသမားဘဝတစ်လျှောက်လုံးကို စောင့်ကြည့်ခဲ့ပြီး သူ့ရဲ့အရည်အသွေး၊ ပြိုင်ဘက်ဂိုးရှေ့က သူ့ရဲ့လုပ်ဆောင်ချက်တွေကို သဘောကျခဲ့ပါတယ်။ သူ ဘာစီလိုနာမှာ သက်သေပြခဲ့ပြီးပါပြီ။
တခြားယဉ်ကျေးမှု၊ ကောင်းမွန်တဲ့လူတွေ၊ သာယာတဲ့ရာသီဥတုနဲ့ နေထိုင်ရတဲ့ ဒီအပြောင်းအလဲက သူ့အတွက်လည်း အံ့သြစရာပါပဲ။ အခုဆိုရင် သူအမြဲပြုံးနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဆီက လေထုကို သူခံစားနိုင်ရင် အဲဒါလည်း အရမ်းကောင်းပါတယ်"လို့ ပြောခဲ့ပါတယ်။