The network connection is lost.

Banner Image

အိုးထရက်ဖို့ဒ်မှာ အဖိုးတန်နိုင်ပွဲရယူသွားတဲ့ အဲဗာတန်

မန်ချက်စတာယူနိုက်တက် ဝ-၁ အဲဗာတန် (ပွဲပြီးရလဒ်)

ပွဲချိန်အစောပိုင်းမှာပဲ ကွင်းလယ်ကစားသမားဂူယီ အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံရလို့ အဲဗာတန်တို့ ကစားသမားတစ်ဦးလျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ပွဲချိန်နာရီဝက်ဝန်းကျင်မှာ ဒျူးဘူရီဟောလ်ရဲ့လှပတဲ့အဝေးကန်ချက်နဲ့အတူ အဖိုးတန်အနိုင်ဂိုးကို ရရှိသွားခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ အိမ်ရှင်သရဲနီတွေက လိုအပ်နေတဲ့သွင်းဂိုးတွေရရှိဖို့ တိုက်စစ်မြှင့်ကစားလာပေမယ့် ဂိုးသမားပစ်ဖို့ဒ်ရဲ့လက်စွမ်းပြမှုအပါအဝင် မာကျောကျစ်လစ်လှတဲ့ အဲဗာတန်ခံစစ်ပိုင်းကို မဖြိုခွဲနိုင်ခဲ့ပါဘူး။ အခုနိုင်ပွဲကြောင့် အဲဗာတန်က ခါးသီးမြို့ခံပြိုင်ဘက်လီဗာပူးကို ရမှတ်တူ၊ ဂိုးကွာခြားချက်အသာဖြင့် ကျော်ဖြတ်ကာ အမှတ်ပေးဇယားအလယ်ပိုင်းမှာ တော့တင်ဟမ်၊ ယူနိုက်တက်တို့နဲ့ အမှတ်တူအစဉ်လိုက်ရပ်တည်ခွင့်ရရှိခဲ့ပါတယ်။