The network connection is lost.

Banner Image

အန်ဒိုရာနဲ့ပွဲစဉ်အပြီး အင်္ဂလန်တိုက်စစ်မှူးသုံးဦးအကြောင်း ရည်ညွှန်းပြောဆိုလိုက်တဲ့ သောမတ်စ်တူချယ်

အန်ဒိုရာကိုအနိုင်ယူဖို့ ရုန်းကန်ခဲ့ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး သောမတ်စ်တူချယ်က အင်္ဂလန်တိုက်စစ်ကစားသမားသုံးဦးနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီ ရောက်ရှိဖို့အတွက် နောက်ထပ်သုံးမှတ်စုဆောင်းနိုင်ခဲ့ပေမဲ့ ဗီလာပတ်ခ်ကွင်းအရိပ်အငွေ့တွေကတော့ သီခြားဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားခဲ့ပါတယ်။ အန်ဒိုရာကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်ပြီးဆုံးချိန် သောမတ်စ်တူချယ်ရဲ့နောက်မှာ ထိုင်ခုံလွတ်ထောင်ပေါင်းများစွာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် တူချယ်က ပွဲစဉ်နဲ့ပတ်သက်လို့ အကဲဖြတ်ရာမှာလည်း သူ့ရဲ့တိုက်စစ်ကစားသမားသုံးဦးကို ရည်ညွှန်းကာ အင်္ဂလန်ရဲ့ဖြုန်းတီးမှုတွေကြောင့် ကမ္ဘာ့အဆင့် ၁၇၄ နေရာရှိ အန်ဒိုရာအတွက် လေးစားလောက်ဖွယ် ရလဒ်တစ်ခု ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ပြောဆိုပါတယ်။

တူချယ်က “ ကွင်းတွင်းပရိသတ်အခြေအနေက ပရီးမီးယားလိဂ်နဲ့အလွန်ကွာခြားနေလို့ ခက်ခဲလွန်းပါတယ်။ ကျွန်တော့်အမြင်အရတော့ ခွန်အားပိုင်းမှာရော၊ အရည်အသွေးပိုင်းမှာပါ မှန်ကန်ခဲ့ကာ ဒီထက်ပိုပြီးဂိုးတွေ သွင်းယူနိုင်သင့်ပါတယ်။ ပွဲစဉ်ကိုအရှိန်မြှင်တင်နိုင်မယ့် အခိုက်အတန့်အချို့ကို လွဲချော်သွားခဲ့တယ်လို့ ထင်ပါတယ်။ အီဇီအတွက် No.10 Role မှာ အကောင်းဆုံးနေ့ရက် မဖြစ်ခဲ့သလို မာဒူကီရဲ့ပေးပို့မှုတွေလည်း လုံလောက်တဲ့ပုံစံမျိုး မပြသနိုင်ခဲ့ပါဘူး။ ရက်ရှ်ဖို့ဒ်အတွက် အခိုက်အတန့်ကောင်းတွေရှိခဲ့ပေမယ့် ဒါတွေကို အသုံးမချနိုင်ခဲ့ပါဘူး။

ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပါ။ ကျွန်တော့်တို့အတွက် စိတ်ဖိစီးမှုတွေ လျှော့ချပေးမယ့် ဒုတိယမြောက်ဂိုးကိုလည်း စောစောစီးစီးသွင်းယူနိုင်ခဲ့သင့်တယ်။ ယေဘုယျအားဖြင့် ကြိုးစားအားထုတ်မှုနဲ့ စိတ်နေစိတ်ထားအပိုင်းကို ကျွန်တော် ကျေနပ်မိပါတယ်။ ဇွန်လတုန်းကထက် အများကြီးပိုကောင်းတဲ့ စွမ်းဆောင်ရည်ပါ။ ၄-၀ ဂိုး၊ ၅-၀ ဂိုးဆိုတဲ့ရလဒ်မျိုးနဲ့ အနိုင်ရရှိဖို့ ထိုက်တန်ပါတယ်”လို့ ပြောပါတယ်။