The network connection is lost.

Banner Image

ယူရို-၂၀၂၄ မှာ ယာမယ်လ်နဲ့ ပတ်သက်လို့ စွန့်စားမှုပြုလုပ်ရန် အဆင်သင့်ရှိနေတဲ့ စပိန်နည်းပြဒီလာဖွန်တေ

စပိန်လက်ရွေးစင်အသင်းနည်းပြဒီလာဖွန်တေက ယူရို-၂၀၂၄ ပြိုင်ပွဲအတွင်း သူ့အသင်းရဲ့အစီအမံတွေနဲ့ပတ်သက်လို့ ကြီးမားတဲ့အရိပ်အမြွက်တစ်ခု ချပြလိုက်ပါတယ်။

စပိန်အသင်းက အုပ်စု(B) အဖွင့်ပွဲစဉ်အဖြစ် ခရိုအေးရှားနဲ့ ရင်ဆိုင်ကစားရဖို့ရှိပြီး လာမယ့်ရက်ပိုင်းအတွင်း လက်ရှိချန်ပီယံအီတလီ၊ အယ်လ်ဘေးနီးယားတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားသွားရပါမယ်။ ဒီလာဖွန်တေကတော့ ခရိုအေးရှားနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းပိုင်းကို လေ့လာအကဲဖြတ်နေဆဲဖြစ်ပေမယ့် တိုက်စစ်ပိုင်းမှာ ပုံစံကောင်းပြသထားနိုင်တဲ့ သွေးသစ်လူငယ်တွေကို နေရာပေးသွားဖို့ အဆင်သင့်ဖြစ်နေပါတယ်။

အသင်းရဲ့ဗဟိုတိုက်စစ်ပိုင်းအတွက် ဘယ်သူ့ကိုတာဝန်ပေးသွားမလဲဆိုတာအပေါ် ဆွေးနွေးငြင်းခုံမှုတွေ ဆက်ရှိနေပေမယ့် ဒီလာဖွန်တေက တိုက်စစ်ပိုင်းမှာ ပါဝင်လာနိုင်သူတွေနဲ့ပတ်သက်လို့ အရိပ်အမြွက်ပြောကြားလာပါတယ်။

ဒီလာဖွန်တေက “ လမိုင်းယာမယ်လ်က အရမ်းငယ်ပါသေးတယ်။ သူ့မှာ အသင်းလူစာရင်းအတွက် ရွေးချယ်ပေးသွားရမယ့် အရည်အချင်းမျိုးလည်း ရှိနေပါတယ်။ ဒါပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ပိုင်း ကျဆင်သွားချိန်မျိုးမှာ ဝေဖန်မှုတွေလည်း ရှိလာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ သူ့ကို သင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ယာမယ်လ်က စပါယ်ရှယ်ဘောလုံးသမားတစ်ဦးပါ။ နီကိုဝီလျံစ်နဲ့ ယာမယ်လ်တို့ ကစားပေးနိုင်လိမ့်မယ်လို့ ခင်ဗျားတို့အားလုံး ယူဆနေပါတယ်။ သူတို့သာ မကစားဘူးဆိုရင် ခင်ဗျားတို့အတွက် အံ့အားသင့်စရာတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်”လို့ ပြောပါတယ်။