The network connection is lost.

Banner Image

ပဲလေ့စ်နှင့်ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက် ကြည်နူးစရာ အခိုက်အတန့်တွေကို အီယန်ရိုက်နှင့်အတူ မျှဝေခဲ့တဲ့ မာတင်နယ်လီ

ပဲလေ့စ်အား ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ မာတင်နယ်လီဟာ အာဆင်နယ်အတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဂျီးဆပ်၊ ကိုင်ဟာဗက်ဇ်နှင့် ဒီကလန်ရိုက်စ်တို့ကလည်း အသင်းအတွက် ဂိုးများ သွင်းယူနိုင်ခဲ့ပါတယ်။ မာတီနယ်လီဟာ လက်ရှိရာသီ သူ့ရဲ့စွမ်းဆောင်ရည်အချို့ကြောင့် ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ၅ ဂိုး သွင်းယူထားပြီး ၄ ဂိုးကတော့ ပရီးမီးယားလိဂ်မှာ သွင်းထားတာဖြစ်ပါတယ်။ သူ့မှာ အခက်အခဲတချို့ရှိခဲ့ပေမယ့် မာတီနယ်လီဟာ ဒဏ်ရာရနေတဲ့ ဆာကာနေရာတွင် အစားထိုးဝင်ရောက်ပြီးနောက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

မာတင်နယ်လီရဲ့ စွမ်းရည်ကို ဘယ်တော့မှ မယုံကြည်တဲ့သူတစ်ယောက်ကတော့ အာဆင်နယ်အတွက် ၁၉၉၁ ခုနှစ် ကနေ ၁၉၉၈ ခုနှစ်အတွင်း ၁၈၅ ဂိုး သွင်းယူခဲ့တဲ့ အီယန်ရိုက်ပဲ ဖြစ်ပါတယ်။ သူ့ကို ဒီတစ်ပတ်မှာ ထောက်ခံအားပေးတဲ့ စာတစ်စောင် ပေးပို့တဲ့အတွက် အီယန်ရိုက်ကို မာတင်နယ်လီက ကျေးဇူးတင်ခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ဖော်ပြချက်တွင် မာတီနယ်လီက အီယန်ရိုက်အား "ပွဲကိုကစားပြီးတဲ့အခါ ဒီဘက်မှာရှိနေရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ခင်များလည်း သိပါမှာပါ။ ပြီးတော့ မနေ့က ကျွန်တော့်ထံပို့ခဲ့တဲ့ မက်ဆေ့ချ်အတွက် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်"

"ကျွန်တော်ပြောခဲ့သလိုပဲ ဂိုးသွင်းပြီး ပွဲကိုအနိုင်ရတာ အရမ်းကောင်းပါတယ်။ ဒီလိုစာမျိုးကို လက်ခံရတာ ဂုဏ်ယူမိပါတယ်။ ကျေးဇူးတင်ပါတယ်။ အဲဒါက ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်" လို့ ပြောထားပါတယ်။ ဆာကာဟာ တံကောက်ကြောဒဏ်ရာ ပြဿနာကြုံတွေ့ခဲ့ရတာကြောင့် မာတီနယ်လီဟာ ညာတောင်ပံမှာ ပွဲထွက် ကစားခွင့်ရနေပြီ ဖြစ်ပါတယ်။

မာတီနယ်လီဟာ အများအားဖြင့် ဘယ်ဘက်အခြမ်းတွင် ကစားလေ့ရှိသူဖြစ်ပြီး ပွဲထွက်ခွင့်အတွက် ထရိုဆက်နှင့် ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။ တောင်ပံကစားသမားရဲ့ အလုပ်ကြိုးစားမှုနဲ့ စိတ်အားထက်သန်မှုက မေးခွန်းထုတ်စရာမရှိပေမယ့် ဒီရာသီမှာ အနည်းငယ် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ပဲလေ့စ်နဲ့ပွဲက သူ့လုပ်ခဲ့တဲ့ လုပ်ဆောင်မှုကြောင့် မာတင်နယ်လီက ယုံကြည်မှုတိုးလာစေလိမ့်မယ်လို့ မျှော်လင့်နေမှာပါ။