The network connection is lost.

Banner Image

ဆာလီဘာရဲ့နေရာမှာ မက်ဇန့်စ်လာကရွာနဲ့ ပြင်းသစ်အသင်း အစားထိုး

ဝီလျံဆာလီဘာ ဒဏ်ရာကြောင့် နုတ်ထွက်သွားရပြီးနောက်မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နောက်ခံလူ မက်ဇန့်စ်လာကရွာဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဆာလီဘာဟာ ဘရာဇီး၊ ကိုလံဘီယာတို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေအတွက် နည်းပြ ဒီဒီယာဒေရှမ့် ရွေးချယ်ထားတဲ့ လတ်တလော ပြင်သစ်လက်ရွေးစင်အသင်း လူစာရင်းမှာ ပါဝင်နေခဲ့တာပါ။ ဒါပေမဲ့ အာဆင်နယ်နောက်ခံလူ ဆာလီဘာဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားတာကြောင့် အသင်းကနေ ပြန်လည်နုတ်ထွက်ခဲ့ရပြီး ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေပြုလုပ်ဖို့ သူ့ရဲ့ကလပ်အသင်းမှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

သတင်းထောက် ဖာဘရစ်စ်ဟောကင်းစ်ရဲ့ အဆိုအရ နည်းပြ ဒေရှမ့်ဟာ ဆာလီဘာရဲ့နေရာမှာ အစားထိုးဖို့အတွက် အသက် ၂၅ နှစ်အရွယ် ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် လာကရွားကို ပထမဆုံးအကြိမ်အဖြစ် လက်ရွေးစင်အသင်းဆီ ခေါ်ယူလိုက်တာလို့ သိရပါတယ်။