The network connection is lost.

Banner Image

မာတီတာ ပြန်လာနိုင်တာဟာ အသင်းအတွက် ကောင်းမွန်တဲ့ အချက်ဖြစ်တယ်လို့ ပဲလေ့စ်နည်းပြ ဂလက်စ်နာ ပြောကြား

ခရစ်စတယ်ပဲလေ့စ်နည်းပြ အိုလီဗာ ဂလက်စ်နာကတော့ ဂျောင်ဖိလစ် မာတီတာတစ်ယောက် ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာနိုင်ခဲ့တဲ့အပေါ် အလွန်ဝမ်းသာနေပါတယ်။ ဒူးဒဏ်ရာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်းကတည်းက အနားယူနေခဲ့ရတဲ့ မာတီတာဟာ ပြီးခဲ့တဲ့အပတ်က ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ဘက် AEK Larnaca အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ကစားမယ့် လိဒ်စ်ယူနိုက်တက်နဲ့ ပွဲစဉ်မတိုင်ခင်မှာ ဂလက်စ်နာက "သူ ပြန်လာနိုင်တာက အသင်းအတွက် ကောင်းပါတယ်။ သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်တွေမှာ ဒဏ်ရာရခဲ့တာပါ။ ဒူးနာကျင်နေပေမဲ့လည်း ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ ပွဲစဉ်တိုင်းနီးပါးကို ဆက်တိုက် ပါဝင်ကစားပေးခဲ့ပါတယ်။ သူဟာ အသင်းအတွက် အမြဲတမ်း ရာနှုန်းပြည့် အစွမ်းကုန် ပေးဆပ်ကစားခဲ့တဲ့သူ ဖြစ်လို့ ကျွန်တော့်အနေနဲ့ သူ့အပေါ် အလေးအနက်ထား လေးစားမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။