The network connection is lost.

Banner Image

အာဆင်နယ်ကစားသမား နှစ်ဦးထဲက တစ်ဦးဦးက ဘောလွန်းဒီအော်ဆုကို ရရှိသွားလိမ့်မယ်လို့ထင်ကြေးပေးလာတဲ့ လင်မ်ပါ

အာဆင်နယ်၊ အဲဗာတန်နဲ့ ဆွီဒင်လက်ရွေးစင်အသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း အန်ဒါစ်လင်မ်ပါကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဆင်နယ်ကြယ်ပွင့်နှစ်ဦးဟာ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီကလန်ရိုက်စ်ရဲ့ အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေသလို၊ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာလည်း မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်နဲ့ တွေ့ဆုံနေပြီး ချန်ပီယံလိဂ်မှာလည်း ဆက်လက်ယှဉ်ပြိုင်နေရဆဲ ဖြစ်ပါတယ်။

ဒီကွင်းလယ်လူဟာ လာမယ့်နွေရာသီမှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် ပါဝင်ကစားသွားမှာဖြစ်ပြီး "ခြင်္သေ့သုံးကောင်" အသင်းဟာလည်း ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်က ချယ်လ်ဆီးကို အနိုင်ရပြီး အက်ဖ်အေဖလား ရရှိခဲ့တာဟာ အာဆင်နယ်တို့ နောက်ဆုံးရခဲ့တဲ့ ဆုဖလားဖြစ်တာကြောင့် အသင်းဟာ အောင်မြင်မှုတွေအတွက် အရမ်းကို ဆာလောင်နေပြီး ဒီရာသီမှာ အောင်မြင်မှုရဖို့ ဒီကလန်ရိုက်စ်အပေါ်မှာပဲ အဓိက မှီခိုအားထားနေရပါတယ်။

ဒီရာသီမှာ ဆုဖလားတွေ အများကြီးရနိုင်တဲ့ အခွင့်အရေးရှိနေတာကြောင့် ဒီကလန်ရိုက်စ်နဲ့ သူ့ရဲ့ အသင်းဖော်တွေဟာ ဒီနှစ်ရဲ့ ဘာလွန်ဒေါဆုကို ရရှိနိုင်မယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။ လင်မ်ပါက FruityKing နဲ့ အင်တာဗျူးမှာ ဒီကလန်ရိုက်စ်နဲ့ ဂါဘရီရယ်တို့ဟာ ဘာလွန်ဒေါဆုအတွက် ရေပန်းအစားဆုံးသူတွေ ဖြစ်သင့်တယ်လို့ ယုံကြည်နေတာပါ။

"ဒီနှစ် ဘာလွန်ဒေါဆုက အာဆင်နယ်ကစားသမား နှစ်ယောက်ကြားမှာပဲ ဖြစ်လိမ့်မယ်။ အသင်းရဲ့ အင်ဂျင်ဖြစ်တဲ့ ဒီကလန်ရိုက်စ်ရယ်၊ ဂါဘရီရယ်ရယ်ပေါ့။ မာတင် အိုဒီဂတ်လည်း ဒီစာရင်းထဲမှာ ပါသင့်ပေမဲ့ သူက အနည်းငယ် ရုန်းကန်နေရတာမျိုးရှိတယ်။ ဒီကလန်ရိုက်စ်ကတော့ အပတ်တိုင်းမှာ အကောင်းဆုံး ခြေစွမ်းပြနေတာပါ။ ဂါဘရီရယ်ကတော့ ဒဏ်ရာ အနည်းငယ်ရခဲ့ပေမဲ့ ဒီကလန်ရိုက်စ်ကတော့ ဒဏ်ရာကင်းကင်းနဲ့ ကစားနေနိုင်ပါတယ်။ အာဆင်နယ်သာ အရာအားလုံးကို အနိုင်ရခဲ့ရင်တော့ ကျွန်တော်က ဘာလွန်ဒေါဆုအတွက် ဒီကလန်ရိုက်စ်ကိုပဲ ရွေးချယ်မှာပါ။ ဒါပေမဲ့ အခုက ပြောဖို့ စောပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရာသီသိမ်းဖို့ လိုသေးသလို ကမ္ဘာ့ဖလားလည်း ရှိသေးတယ်၊ နောက်ရာသီ ပရီးမီးယားလိဂ် အစပိုင်းပွဲစဉ်တွေလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဒီကလန်ရိုက်စ်ပါပဲ။ ကျွန်တော့်အတွက်တော့ သူဟာ တကယ့်ခေါင်းဆောင်စစ်စစ်ပါ။ သူဟာ အာဆင်နယ်အသင်းရဲ့ တကယ့် အင်ဂျင်ဖြစ်သလို အသင်းတစ်သင်းလုံးကို လည်ပတ်စေနိုင်သူပါ။ အသင်းက သူ့အပေါ် ဘယ်လောက် မှီခိုနေရလဲဆိုတာ မြင်နိုင်သလို သူဟာ စံပြခေါင်းဆောင် တစ်ယောက်ဆိုတာလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ ဂါဘရီရယ်ထက်စာရင် ဒီကလန်ရိုက်စ်က ပိုပြီး ရှေ့တန်းရောက်နေတယ်လို့ ပြောရမှာပါ" လို့ ၎င်းက ဆိုပါတယ်။

ဒီကလန်ရိုက်စ်နဲ့ ဂါဘရီရယ်တို့ နှစ်ဦးစလုံးဟာ ဒီရာသီမှာ ကလပ်အဆင့် ဆုဖလားအရေအတွက် အတူတူပဲ ရရှိနိုင်မှာဖြစ်ပေမဲ့ ကမ္ဘာ့ဖလားကို အနိုင်ရရှိခြင်းကတော့ ဒီနှစ်နှောင်းပိုင်းမှာ ထွက်ပေါ်လာမယ့် ဘာလွန်ဒေါ အဆင့်သတ်မှတ်ချက်တွေမှာ သူတို့နှစ်ဦးကြား ကွဲပြားမှုတွေကို ဖြစ်ပေါ်စေနိုင်မှာ ဖြစ်ပါတယ်။