The network connection is lost.

Banner Image

စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ စတင်လိုက်တဲ့ ဒီကလန်ရိုက်စ်နဲ့ အာဆင်နယ်

အာဆင်နယ်အသင်းက ကွင်းလယ်ကစားသမားဒီကလန်ရိုက်စ်နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးနေပါပြီ။

မြောက်လန်ဒန်ကလပ်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားအကြား ညှိနှိုင်းမှုတွေ စတင်နေပြီလို့လည်း BBC Sport မှာ ဖော်ပြထားပါတယ်။

အာဆင်နယ်က ဒီကလန်ရိုက်စ်ကို ရေရှည်စာချုပ်သစ်တစ်ရပ်ချုပ်ဆိုသွားဖို့ ဆန္ဒရှိနေပြီး လက်ရှိရရှိနေတဲ့ သီတင်းတစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၄ သောင်းကိုလည်း တိုးမြှင့်ပေးဖို့ အဆင်သင့်ရှိနေပါတယ်။

ကစားသမားရဲ့လက်ရှိစာချုပ်က ၂၀၂၈ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အခွင့်အရေးလည်း ပါဝင်နေပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားက ၂၀၂၃ ခုနှစ်၊နွေရာသီမှာ ဝက်စ်ဟမ်းအသင်းမှ မြို့ခံပြိုင်ဘက်အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက ဒီကလန်ရိုက်စ်ရဲ့ပြောင်းရွှေ့ကြေးက ပရီးမီးယားလိဂ်ရဲ့တန်ဖိုးအကြီးမားဆုံးပမာဏအထိ ရှိခဲ့ပါတယ်။

အာဆင်နယ်က ဒီကလန်ရိုက်စ်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ အပြင် အပိုဆုကြေး ပေါင် ၅ သန်းလည်း ပေးချေခဲ့ရပါတယ်။