The network connection is lost.

Banner Image

ပီအက်စ်ဂျီအပယ်ခံ လူးကပ်စ်ချီဗာလီယာအတွက် စုံစမ်းမေးမြန်းလာတဲ့ တော့တင်ဟမ်

တော့တင်ဟမ်အသင်းက ပီအက်စ်ဂျီအသင်းဂိုးသမားလူးကပ်စ်ချီဗာလီယာကို ခေါ်ယူဖို့အတွက် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ဂိုးသမားကို ပီအက်စ်ဂျီအသင်းက ဒွန်နာရမ်မာရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူခဲ့ပေမဲ့ စိတ်ပျက်စရာကောင်းတဲ့စွမ်းဆောင်ရည်တွေ ဆက်တိုက်ပြသခဲ့ပြီးနောက် အသင်းလူစာရင်းမှ ဖယ်ရှားခဲ့ပါတယ်။

L’Equipe သတင်းဌာနရဲ့ဖော်ပြချက်အရ တော့တင်ဟမ်အသင်းက ဂိုးသမားသစ်တစ်ဦးကို ရှာဖွေနေပြီး ဒီပြင်သစ်လူမျိုးဂိုးသမားကို ခေါ်ယူဖို့အတွက် အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိတော့တင်ဟမ်အသင်းပွဲထွက်ဂိုးသမားဖြစ်သူ ဗီကာရီယိုက ဒီနွေရာသီမှာ အီတလီဆီ ပြန်လည်ပြောင်းရွှေ့ဖို့ရှိနေပြီး အင်တာမီလန်၊ ဂျူဗင်တပ်စ်တို့နဲ့ ချိတ်ဆက်မှုတွေ ရှိထားပါတယ်။

ဒီသတင်းဌာနရဲ့အဆိုအရ ချီဗာလီယာနဲ့ပတ်သက်လို့ ပီအက်စ်ဂျီဆီ ဘက်ဆစ်တပ်စ်ရဲ့ဆက်သွယ်မှု ရှိခဲ့ပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ လတ်တလောမှာ တူရကီဆီပြောင်းရွှေ့ဖို့ စိတ်မဝင်စားသေးဘူးလို့ သိရပါတယ်။