The network connection is lost.

Banner Image

၂၀၂၅ ကို အကောင်းဆုံးပုံစံနဲ့အဆုံးသတ်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ဖွင့်ဟလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက အသင်းဟာ မကြာသေးမီက ရလဒ်ကောင်းတွေနဲ့ လွဲချော်ထားခဲ့ပေမယ့် ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ၂၀၂၅ ခုနှစ်ကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ဖို့ရည်ရွယ်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၂ ပွဲမှာ ချဲလ်ဆီးဟာ နယူးကာဆယ်ကို ၂-၂ နဲ့သရေကျပြီး အက်စတွန်ဗီလာကို ၁-၂ နဲ့အရေးနိမ့်ခဲ့တာကြောင့် အမှတ်‌ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

ယခုအခါ ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားရမယ့် ၂၀၂၅ ခုနှစ်ရဲ့နောက်ဆုံးပွဲစဉ်မတိုင်မီပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မာရက်စ်ကာက "ဒီနှစ်ကို အကောင်းဆုံးပုံစံနဲ့အဆုံးသတ်နိုင်ဖို့ အရမ်းအရေးကြီးလာပါပြီ။ သေချာတာကတော့ ဒီပွဲကလည်း ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ ဒီလိဂ်မှာ အသင်းအတိုင်းက အတူတူပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ တတ်နိုင်သလောက်အမြန်ဆုံးနိုင်ပွဲပြန်ရဖို့လိုအပ်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ဗီလာနဲ့ပွဲစဉ်မှာ အသင်းဟာ ပထမပိုင်းအတွင်းကစားပုံကောင်းခဲ့ကြောင်း မာရက်စ်ကာက ချီးကျူးပြောဆိုခဲ့ပါတယ်။ မာရက်စ်ကာပြောသလိုပဲ အဆိုပါပွဲစဉ်ရဲ့ပထမပိုင်းအတွင်းမှာ ချဲလ်ဆီးဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူနိုင်ခဲ့သလို၊ ဗီလာရဲ့ဂိုးပေါက်ကန်ချက်တွေကိုလည်း ခွင့်ပြုခဲ့ရခြင်းမရှိပါဘူး။ သို့သော်လည်းဒုတိယပိုင်းမှာတော့ ဗီလာက ကစားပုံပိုကောင်းလာခဲ့ပြီး နည်းပြအူနိုင်းအမ်မရီရဲ့လူစားလဲမှုတွေ မှန်ကန်ခဲ့တာကြောင့် လူစားဝင်ကစားသမား အိုလီဝက်ကင်းစ်ရဲ့သွင်းဂိုး ၂ ဂိုးနဲ့ ချဲလ်ဆီးကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

အီတလီသားနည်းပြက "ကျွန်တော်တို့ယုံကြည်ချက်ရှိဖို့လိုပါတယ်။ ဘယ်လောက်အထိ ဝေးဝေးသွားနိုင်မလဲဆိုတာ စဉ်းစားပြီးတော့ အတတ်နိုင်ဆုံးကြိုးစားသွားရပါမယ်။ ကျွန်တော်တို့အသင်းက ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ပြိုင်ဘက်ကို ၁ ဂိုးလောက်ခွင့်ပြုလိုက်ရရင် ကစားပုံပျက်သွားလေ့ရှိပါတယ်။ ဒါက ပွဲစဉ်တိုင်းလိုလိုမှာဖြစ်နေတဲ့ပြဿနာပါ။ ဒါဘာကြောင့်ဖြစ်တာလဲဆိုတာ အဖြေရှာသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။