The network connection is lost.

Banner Image

ဒွန်နာရမ်မာရဲ့ပယ်နယ်တီညွှန်ကြားချက်စာရွက်ကို ယူထားခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ ဘော့စနီးယားဘောကောက်လူငယ်လေး

ပြီးခဲ့တဲ့သီတင်းပတ်၊ ဒွန်နာရမ်မာရဲ့ပယ်နယ်တီကာကွယ်ရေးညွှန်ကြားချက်စာရွက်ကို ယူထားခဲ့တဲ့ ဘောကောက်လူငယ်လေးက အခုအချိန်မှာတော့ ဘော့စနီးယားနိုင်ငံရဲ့သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှုံးထွက်အဆင့်မှာ ဘော့စနီးယားအသင်းက အီတလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူခဲ့ပါတယ်။

အဆုံးအဖြတ်ပယ်နယ်တီကန်သွင်းမှုမတိုင်ခင် အသက် ၁၄ နှစ်အရွယ် ဘောကောက်လူငယ်လေးအာဖန်ဆစ်ဇ်မစ်က မန်စီးတီးဂိုးသမားဒွန်နာရမ်မာ ဂိုးတိုင်ဘေးမှာ ချထားတဲ့ ပင်နယ်တီလမ်းညွှန်ချက်စာရွက်အသေးလေးကို ယူထားလိုက်ပါတယ်။

ဒေသခံကလပ် Celik Zenica မှာ ကစားနေတဲ့ ဆစ်ဇ်မစ်က ဒေသတွင်းရုပ်သံတစ်ခုနဲ့ အင်တာဗျူးမှာ အခုလို ဝန်ခံခဲ့ပါတယ်။ “ဒွန်နာရမ်မာရဲ့ တဘက်နားမှာ တစ်ခုခုရှိနေတာကို တွေ့လိုက်ပြီး ဒါဘာလဲဆိုတာ ချက်ချင်းသိသွားခဲ့လို့ ယူပြီး ဝှက်ထားလိုက်တာပါ” လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ ကစားသမားတွေအကြောင်း အချက်အလက်တွေပါတဲ့ အဲဒီစာရွက်မရှိတော့လို့ ဒွန်နာရမ်မာက သူ့ရဲ့ပင်ကိုယ်အသိစိတ်ကိုပဲ သုံးပြီး ကာကွယ်ခဲ့ရပါတယ်။ စာရွက်ကို လိုက်ရှာလို့ မတွေ့တော့တဲ့အချိန် ဒွန်နာရမ်မာ တော်တော်လေး စိတ်ပျက်ပြီး ဒေါသထွက်နေခဲ့ပါတယ်” လို့ ဆစ်ဇ်မစ်က ပြောပါတယ်။ 

ဆစ်ဇ်မစ်ရဲ့ဝန်ခံမှုအပြီးမှာတော့ အခုခိုးယူခံရတဲ့စာရွက်ကို လူစိတ်ဝင်စားမှု အတော်လေးများပြားလာပြီး လက်ရှိမှာ လေလံတင်ရောင်းချဖို့ စီစဉ်နေလို့ ဈေးကောင်းရရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။