The network connection is lost.

Banner Image

ဘရိုက်တန်ကိုအရေးနိမ့်ပြီးနောက် ဂျာအိုဖီးလစ်ကို လွမ်းဆွတ်နေမှာမဟုတ်ကြောင်း မာရက်စ်ကာ အခိုင်အမာဆို

ဘရိုက်တန်ကို အက်ဖ်အေဖလားမှာ အရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ဂျက်ဆင်မပါဝင်နိုင်တဲ့အနေအထားမှာ မိမိတို့အနေနဲ့ ဂျာအိုဖီးလစ်ကို လွမ်းဆွတ်နေမှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ဘရိုက်တန်ဟာ နော်တင်ဟမ်ကို ၇ ဂိုးပြတ်အရေးနိမ့်ပြီးနောက် တစ်ပတ်အကြာမှာတင် ချဲလ်ဆီးကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဖီးလစ်ဟာ လက်ကျန်ရာသီကို အေစီမီလန်အသင်းထံ အငှားထွက်ကစားခဲ့ပြီဖြစ်ကာ မာရက်စ်ကာလက်အောက်မှာ ပွဲထွက်ခွင့်မရခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ပွဲကို ဂျက်ဆင်မပါဝင်နိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ တိုက်စစ်က ၁ ဂိုးသာရရှိခဲ့သလို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။ “ကျွန်တော်တို့ ဂျာအိုကို လွမ်းနေမှာမဟုတ်ပါဘူး။ ဂျာအိုလည်း အေစီမီလန်မှာ ပျော်နေပါတယ်။ ဂျာအိုဒီမှာရှိနေမယ်ဆိုရင်လည်း ကျွန်တော်တို့ ပျော်မှာပါ။ ကျွန်တော်တို့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ တိုက်စစ်မှူး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲ့တာက ခက်ခဲစေခဲ့တာပါ။ နီကိုလက်စ်တစ်ယောက် မကြာခင် ပြန်လာနိုင်မှာပါ။တစ်ခါတလေမှာ ကျွန်တော်တို့ အရေးပါတဲ့ကစားသမားမပါဝင်ပဲ ကစားရနိုင်တယ်ဆိုတာကို နားလည်ဖို့ လိုအပ်ပါတယ်။

ဘောလုံးမပါပဲ ပြိုင်ဘက်ကိုဖိအားပေးရာမှာ ဂျက်ဆင်က အရမ်းကောင်းပါတယ်။ ဘောလုံးရှိနေချိန်မှာလည်း အတူတူပါပဲ”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ ဆီနီဂေါသားဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်နိုင်ချေရှိခဲ့ပေမယ့် မာရက်စ်ကာက အရဲစွန့်မသုံးခဲ့တာဖြစ်ပါတယ်။ လက်ရှိတိုက်စစ်ပိုင်းမှာ ဂျက်ဆင်ပဲရှိတာကြောင့် ချဲလ်ဆီးအနေနဲ့ လာမယ့်နွေမှာ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ လိုအပ်နေပါတယ်။