
အာရှဘက်ကို ချက်ချင်းခရီးထွက်လာလို့ ဒေါသထွက်နေတဲ့ ယူနိုက်တက်စတားများ
ယူနိုက်တက်ကစားသမားတွေဟာ ဘောလုံးရာသီအကုန်မှာတင် အာရှဘက်ကိုချက်ချင်းခရီးထွက်လာရလို့ ဒေါသထွက်နေတယ်လို့ သိရပါတယ်။ အက်သလက်တစ်သတင်းဌာနကတော့ ယူနိုက်တက်ကစားသမားတွေ ဟောင်ကောင်အသင်းကို ၃-၁ နဲ့အနိုင်ရပြီးနောက် ချက်ချင်းအိမ်ပြန်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့နောက် နိုင်ပွဲအပြီးမှာတင် ၂ နာရီခွဲခန့်လေယာဉ်စီးပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။ ဗီလာကို ၂-၀ နဲ့အနိုင်ရပြီးနောက် ချက်ချင်းဆိုသလို အာရှဘက်ကို ခရီးထွက်လာခဲ့ပြီး လေယာဉ်ဆင်းချိန် တနင်္လာနေ့မှသာ ညဘက်ထွက်လည်ခဲ့ကြရတာဖြစ်ပါတယ်။ အဆိုပါခရီးစဉ်အတွင်းမှာ အာမက်တစ်ယောက် ပရိသတ်တွေကို လက်ခလယ်ထောင်ပြခဲ့ပြီးနောက် လူမှုမီဒီယာကနေ တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
အာမက်က သူ့အမေဖြစ်သူကိုယ်တိုင် မပြုလုပ်သင့်တဲ့အပြုအမူမျိုးလို့ စွပ်စွဲခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဂါနာချိုတစ်ယောက် ပရိသတ်တွေနဲ့ဓာတ်ပုံတွဲရိုက်နေချိန်မှာ အာမက်က ဂါနာချိုထံ လက်ခလယ်ထောင်ပြခဲ့တာဖြစ်ပြီး ဂါနာချိုကလည်း အဆိုပါအပြုအမူအတိုင်းပြန်လည်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အတွက်တော့ အခုနွေရာသီဟာ အလုပ်များဖွယ်ရှိနေပြီး လက်ရှိမှာ ဝုဗ်စတား ကန်ဟာကိုခေါ်ယူထားနိုင်ခဲ့ပြီး ဂါနာချိုကတော့ အခုနွေမှာ အသင်းကနေ ထွက်ခွာမှာဖြစ်ပါတယ်။