The network connection is lost.

Banner Image

ဗီနီဆီးယက်စ်ကို ပြန်ခေါ်ခဲ့ပြီး နေမာကို ဆက်လက် ချန်လှပ်ခဲ့တဲ့ ဘရာဇီး

ဗီနီဆီးယက်စ် ဂျူနီယာဟာ လာမယ့် တောင်ကိုရီးယားနဲ့ ဂျပန်တို့နဲ့ ခြေစမ်းပွဲတွေအတွက် နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ ဘရာဇီးအသင်းလူစာရင်းမှာ ပြန်လည် ပါဝင်လာပါတယ်။ ဘရာဇီးဟာ အောက်တိုဘာလ ၁၀ ရက်၊ သောကြာနေ့မှာ ဆိုးလ်ကို သွားရောက်ပြီး တောင်ကိုရီးယားနဲ့ ကစားမှာဖြစ်သလို၊ သုံးရက်အကြာမှာ ချိုဖူမှာ ဂျပန်နဲ့ ရင်ဆိုင်ရမှာပါ။

ဗီနီဆီးယက်စ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဘိုလီးဗီးယားကို ၁-၀ ဂိုး နဲ့ ချီလီကို ၃-၀ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ အနားပေးခြင်း ခံခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းက နည်းပြ အန်ဆယ်လော့တီရဲ့အသင်းဟာ လာမယ့်နှစ် ပြိုင်ပွဲအတွက် နေရာရပြီးသား ဖြစ်နေခဲ့ပါတယ်။ သို့သော်လည်း ဒီအောက်တိုဘာ နိုင်ငံတကာပွဲတွေနားချိန်အတွက် ကစားသမား ၂၆ ဦး စာရင်းမှာ သူ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဒဏ်ရာနဲ့ ရုန်းကန်နေရဆဲဖြစ်တဲ့ နေမာကိုတော့ ထပ်မံ ချန်လှပ်ထားခဲ့ပါတယ်။

ကိုရင်သီယန် ဂိုးသမား ဟူဂို ဆိုးဇားဟာ အသင်းကြီးအတွက် တစ်ကြိမ်မှ မကစားရသေးတဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။ နော်တင်ဟမ် ဖောရက်စ် တိုက်စစ်မှူး အီဂေါ် ဂျီးဆပ်စ်နဲ့ ဝုဗ် ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ အန်ဒရေနဲ့ ဂျိုအာအို ဂိုးမက်စ်တို့လည်း ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ လီဗာပူး ဂိုးသမား အလီဆင်၊ ပီအက်စ်ဂျီ အသင်းခေါင်းဆောင် မာကွင်ဟိုနဲ့ ဘာစီလိုနာ တိုက်စစ်မှူး ရာဖင်ညာတို့ဟာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

ဘရာဇီးအသင်းလူစာရင်း:

ဂိုး- အီဒါဆင် (ဖီနာဘာချီ)၊ ဘန်တို (အယ်လ်-နာဆာ)၊ ဟူဂို ဆိုးဇား (ကိုရင်သီယန်)။

နောက်တန်း - ကားလို့စ် အော်ဂူစတို (အင်တာ)၊ အီဒါ မီလီတာအို (ရီးရဲလ် မက်ဒရစ်)၊ ကိုင်ယို ဟန်နရီကေး (မိုနာကို)၊ ဗန်ဒါဆန် (မိုနာကို)၊ ဒေါက်ဂလပ်စ် ဆန်းတို့စ် (ဇင်းနစ် စိန့်ပီတာစဘတ်)၊ ဖာဘရီစီယို ဘရူနို (ခရူဇီရို)၊ ဂါဘရီယယ်လ် မာဂါလ်ဟေးစ် (အာဆင်နယ်)၊ ဘယ်ရာလ်ဒို (ပီအက်စ်ဂျီ)၊ ဝက်စလေ (ရိုးမား)။

အလယ်တန်း - အန်ဒရေ (ဝုဗ်)၊ ဂျိုအာအို ဂိုးမက်စ် (ဝုဗ်)၊ ဘရူနို ဂီမာရေးစ် (နယူးကာဆယ်)၊ ဂျိုလင်တန် (နယူးကာဆယ် ယူနိုက်တက်)၊ ကက်စ်မဲရိုး (ယူနိုက်တက်)၊ လူးကပ်စ် ပါကီတာ (ဝက်စ်ဟမ်း)။

ရှေ့တန်း - အက်စတီဗာအို (ချဲလ်ဆီး)၊ ဂါဘရီယယ်လ် မာတီနယ်လီ (အာဆင်နယ်)၊ အီဂေါ် ဂျီးဆပ်စ် (နော်တင်ဟမ် ဖောရက်စ်)၊ လူးယစ် ဟန်နရီကေး (ဇင်းနစ် စိန့်ပီတာစဘတ်)၊ မက်သီးယပ်စ် ကူညာ (ယူနိုက်တက်)၊ ရစ်ချာလီဆန် (တော့တင်ဟမ်)၊ ရိုဒရီဂို (ရီးရဲလ် မက်ဒရစ်)၊ ဗီနီဆီးယက်စ် ဂျူနီယာ (ရီးရဲလ် မက်ဒရစ်)။